အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးစေရေး အခြေခံ စက်ချုပ်နည်းပညာ သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးစေရေး အခြေခံ စက်ချုပ်နည်းပညာ သင်တန်းဖွင့်လှစ်


MNP ၊ အောက်တိုဘာ    ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများမှ အမျိုးသမီးများ ဝင်ငွေတိုးတက်ရေးလုပ်ငန်းဖြစ်သည့် အခြေခံစက်ချုပ်နည်းပညာ သင်တန်းကို ယမန်နံနက်ပိုင်းက ဟင်္သာတမြို့နယ် ၊ကညင်ငူအုပ်စု အုတ်ပုံကျေးရွာတွင် ဖွင့်လှစ်ခဲ့သည်။


ရှေးဦးစွာ ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လတ်လတ်ဝင်းက "အသေးစား စက်မှုလက်မှု လုပ်ငန်းများ ထွန်းကားလာခြင်းဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဟူသော မျှော်မှန်းချက်နှင့်အညီ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်လျက်ရှိမှုများ၊ စီမံကိန်းလုပ်ငန်းများအနက် အမျိုးသမီးများ ဝင်ငွေတိုးတက်ရေး လုပ်ငန်းဖြစ်သည့် အခြေခံ စက်ချုပ်နည်းပညာ သင်တန်းကို ရက် ၃၀ ကြာ ဖွင့်လှစ်ပေးပြီး၊ မွမ်းမံသင်တန်းအား ၁၅ ရက် ကြာ ထပ်မံဖွင့်လှစ်ပေးမည့် အခြေအနေ၊ အခြေခံနှင့် မွမ်းမံသင်တန်း ပြီးမြောက်ပါက သင်တန်းသူများမှ အသေးစားလုပ်ငန်းများ ထူထောင်ရန် အမှန်တကယ်စိတ်ဝင်စားသည့်  ၅ ဦးကို စိစစ်ရွေးချယ်၍ လုပ်ငန်းထူထောင်ရန် လိုအပ်သည့် ငွေကျပ် ၁၀ သိန်းနှင့် ညီမျှသော ဒေသဖွံ့ဖြိုးရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုးက သင်တန်းသူများအား ကျိုးစားသင်ယူလေ့ လာကြရန်နှင့် မိမိကိုယ်တိုင်နှင့် ရပ်ရွာအတွက် အသေးစားလုပ်ငန်းများ ထူထောင်နိုင်သည်အထိ စွမ်းဆောင်နိုင်ရန် ကျိုးစားကြစေလိုကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသည့် ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် နည်းပြဆရာများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သင်တန်းသူ ၁၅ ဦးတို့နှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)