MNP ၊ အောက်တိုဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် မီးသတ်ဦးစီးဌာနက ကြီးမှူး၍ အရန် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈နာရီက အဆိုပါဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဝင်းက သင်တန်းဖွင့်မိန့်ခွန်း ပြောကြားပေးခဲ့သည်။ ဆက်လက်၍ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်လွင်တို့က အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများပေးအပ်ရာ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားများက လက်ခံရယူခဲ့ပြီးနောက် အခမ်းအနားကို ရုတ်သိမ်းလိုက်ပါသည်။
အဆိုပါသင်တန်းသို့ လင်းခေးမြို့နယ်အတွင်းရှိ ရပ်ကွက်(၈)ရပ်ကွက်မှ သင်တန်းသား စုစုပေါင်း(၅၀)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာအောက်တိုဘာ(၂)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးများနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်တပ်ဖွဲ့ဝင်သင်တန်းသားများနှင့် သင်တန်းနည်းပြများ စုစုပေါင်း(၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်
https://t.me/MyanmarNationalPost
No comments:
Post a Comment