ဒေးဒရဲမြို့နယ်၌ မိုးစပါးအထွက်နှုန်းတိုးတက်ရေးနှင့် ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား ကျေးရွာများအရောက် အသိပညာပေး ဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ်၌ မိုးစပါးအထွက်နှုန်းတိုးတက်ရေးနှင့် ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား ကျေးရွာများအရောက် အသိပညာပေး ဟောပြော


MNP ၊ အောက်တိုဘာ  ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ စိုက်ပျိုးလယ်ယာမြေများတွင် စပါးအထွက်နှုန်းတိုးတက်စေရေးနှင့် ရာသီအလိုက် ကျရောက်တတ်သည့် ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများအား ကျေးရွာများအရောက် အသိပညာပေးဟောပြောခြင်းကို အောက်တိုဘာ ၈ ရက်နေ့မွန်းလွဲ (၁)နာရီက ကျွဲသလင်းကုန်းကျေးရွာ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အဆိုပါအသိပညာပေးဟောပြောခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒုတိယဦးစီးမှူး ဦးစောလေးနိုင်နှင့် လက်ထောက်ဦးစီးမှူး ဦးသန်းနိုင်စိုးတို့က တစ်ဧက စပါး (၁၀)တင်းနှုန်း ပိုမိုတိုးထွက်စေရေး စိုက်ပျိုးရေးနည်းလမ်းများ၊ ဓာတ်မြေသြဇာအချိန်ကိုက် သုံးစွဲနည်းများ၊ ရာသီအလိုက်ကျရောက်တတ်သည့် ပိုးမွှားရောဂါကာကွယ်ရေးနည်းလမ်းများနှင့် စပါးပေါ်ချိန်တွင် ကျရောက်တတ်သည့် ကြွက်အန္တရာယ်ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။


ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လယ်မြေများစပါးအထွက်နှုန်းတိုးတက်စေရေးအတွက် စိုက်ပျိုးရေးနည်းလမ်းများနှင့် ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို စိုက်ကွင်းများအရောက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)