မော်စကို၊ အောက်တိုဘာ ၁၁
ပါလက်စတိုင်းနှင့် အစ္စရေးတို့ကြား ပဋိပက္ခများ တိုးမြင့်လာမှုကို ရုရှားက အလွန်စိုးရိမ်နေပြီး အရပ်သားများအပေါ် အကြမ်းဖက်မှုကို လက်မခံကြောင်း အစ္စရေးဆိုင်ရာ ရုရှားသံအမတ်ကြီး Anatoly Viktorov က ပြောကြားခဲ့သည်။
“သေချာပါတယ်၊၊ ပေါ်ပေါက်လာတဲ့ အဖြစ်အပျက်တွေအတွက် ကျွန်တော်တို့ လေးလေးနက်နက် စိုးရိမ်မိပါတယ်၊ ဟုတ်ပါတယ်၊ အရပ်သားတွေကို သတ်တာ ဒါမှမဟုတ် သေစေတာတော့ လက်မခံနိုင်ဘူးလို့ ကျနော်တို့ ပြောနေပါတယ်။ ဓားစာခံဖြစ်နေတဲ့ အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို လွှတ်ပေးသင့်တယ်။ " ဟု Valdai International Club တွင် ဆွေးနွေးစဉ်တွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့အတွက်ကတော့ အရပ်သားတွေအပေါ် အကြမ်းဖက်မှု မှန်သမျှကို လက်မခံနိုင်ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ဂါဇာကမ်းမြှောင်မှ အစ္စရေးပိုင်နက်ကို ဟားမတ်စ် စစ်သွေးကြွများက အောက်တိုဘာ ၇ ရက်တွင် တိုက်ခိုက်ခဲ့သဖြင့် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ ထပ်မံဖြစ်ပွားခဲ့သည်။ နောက်ဆုံးရ တရားဝင်အချက်အလက်တွေအရ ပါလက်စတိုင်း ၁,၀၀၀ ခန့် သေဆုံးခဲ့ပြီး ၅,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ အစ္စရေးတွင် အနည်းဆုံး လူ ၁၂၀၀ သေဆုံးပြီး ၃၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
Ref - TASS
https://t.me/MyanmarNationalPost

No comments:
Post a Comment