ကျိုက်ထိုမြို့နယ်၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အတတ်ပညာ သင်ယူနိုင်မှု အခွင့်အလမ်းများဆိုင်ရာဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အတတ်ပညာ သင်ယူနိုင်မှု အခွင့်အလမ်းများဆိုင်ရာဟောပြောပွဲပြုလုပ်





MNP ၊ အောက်တိုဘာ  ၄

မွန်ပြည်နယ်၊‌ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ်တွင်  အလယ်တန်းအဆင့်  Grade – 9 ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူ များ ပညာသင်ယူ နိုင်မည့် အခွင့်အလမ်း များ ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီ က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ် သည်။


     ရှေးဦးစွာကျိုက်ထို ခရိုင်ပညာရေးမှူးဦးခိုင်ထွန်း က အမှာစကားပြော ကြားရာတွင်  ကျောင်းသား၊ကျောင်းသူ များအားလုံး  အလယ်တန်း အဆင့်Grade-9 ပြီးမြောက် အောင်မြင်ပါကစက်မှု၊ စိုက်ပျိုးရေး၊မွေးမြူရေး ပညာရပ်များကို သင်ယူခွင့်  ရရှိ နိုင်ရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သိပ္ပံ နှင့်နည်းပညာ ဝန်ကြီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ၍ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်းများ၌ စက်မှု၊စိုက်ပျိုးရေး၊မွေးမြူရေးပညာရပ် များကိုတွဲဖက်သင်ကြားနိုင်ရေး နှင့်ပညာရေးလမ်းသွယ်နှင့် ပညာသင်ယူမှုအခွင့်အလမ်းများအကြောင်းတို့ကို ပြောကြားခဲ့သည်။


     ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး   ဒေါ်မြမြမိုး  မှ ခရိုင်အလိုက် ဖွင့်လှစ်ထားသည့်စက်မှု၊စိုက်ပျိူးရေး၊မွေးမြူရေးတွဲဖက်သင်ကြားသည့်ကျောင်းစာရင်း၊ထားရှိမည့် သတ်မှတ်ဦးရေများနှင့်ပတ်သက်၍ လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ကြည်ကြည်လှိုင်က ဝင်ခွင့်လျှောက်လွှာခေါ်ယူမှု အစီအစဉ်သတ်မှတ်မှုများနှင့်သင်ကြားရမည့်ဘာသာရပ်များအကြောင်းကိုလည်းကောင်း၊ကျိုက်ထိုမြို့နယ်ဒုတိယမြို့နယ်ပညာရေးမှူးဦးအောင်မြင့်ထွန်းက

စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အတတ်ပညာ  သင်ယူနိုင်မှုအတွက် ထောက်ပံ့ကြေးပေးအပ်မည့်အစီအစဉ်၊ပေးအပ်မည့်အောင်လက်မှတ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။


     အဆိုပါ အခမ်းအနားသို့ ကျိုက်ထိုခရိုင်နှင့်မြိုနယ် ပညာရေးမှူးများ၊မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများ၊ကျောင်းသား၊ကျောင်းသူ (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)