မိုင်းကိုင်မြို့နယ်၊ ကတ်ဖွီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၃ ရွာအား လယ်ယာမြေလုပ်ကိုင်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ များပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းကိုင်မြို့နယ်၊ ကတ်ဖွီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၃ ရွာအား လယ်ယာမြေလုပ်ကိုင်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ များပေးအပ်













MNP ၊ အောက်တိုဘာ  ၇

ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ မိုင်းကိုင်မြို့နယ် ၊ ကတ်ဖွီးကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေတောင်သူများအား  လယ်ယာမြေလုပ်ကိုင်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ ပေးအပ်ပွဲ အခမ်းအနားကို  ယမန်နေ့  နေ့လည်ပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်း အဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက  အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ  ဦးကျော်ကျော်နိုင်က လယ်ယာမြေလုပ်ကိုင်ပိုင်ခွင့်လက်မှတ်  ပုံစံ(၇)နှင့်ပတ်သက်၍   တောင်သူများအတွက်  ပိုင်ဆိုင်မှုအထောက်အထား၊ တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်ခွင့် ရရှိနိုင်မည့် ကိစ္စရပ်များ ၊ ပုံစံ-၇ မရှိသေးသောတောင်သူများအတွက်  လျှောက်ထားနိုင်သည့် နည်းလမ်းများကို ရှင်းလင်းပြောကြားကာ   တာဝန်ရှိသူများက  တောင်သူများထံ လယ်ယာမြေလုပ် ကိုင်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)များကို လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။


အဆိုပါအခမ်းအနားတွင်  မိုင်းကိုင်မြို့နယ်၊ ကတ်ဖွီးကျေးရွာအုပ်စု၊ စွမ်ဝမ်၊ နားဖာလုတ်နှင့် ကောင်းဟဲကျေးရွာများမှ တောင်သူပေါင်း (၈၉)ဦး ၊ ဦးပိုင် ၁၂၇ ဦးပိုင် ၊ ဧရိယာ ၈၃၅.၇၃ ဧက တို့အ တွက်  လယ်ယာမြေလုပ်ကိုင်ပိုင်ခွင့်လက်မှတ် ပုံစံ-၇များကို  ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။


ချော

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)