MNP ၊ အောက်တိုဘာ ၅
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းဦးဆောင်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းသည်ယနေ့နံနက်၁၀နာရီခွဲက သာယာကုန်းကျေးရွာအုပ်စုသို့သွားရောက်ပြီးသာယာကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထို့သို့ တွေ့ဆုံရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းက မိမိတို့ကျေးရွာအတွင်း နိုင်ငံရေး၊အုပ်ချုပ်ရေး၊ဒေသဖွံ့ဖြိုးရေး၊လူမှုရေး၊စည်းရုံးရေးကိစ္စ စသည့် လိုအပ်ချက်များကို တင်ပြ ဆွေးနွေးနိုင်ရန် လာရောက်ကွင်းဆင်း တွေ့ဆုံခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် စစ်ကြောင်းတွင် ပါဝင်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ရှင်းလင်းဆွေးနွေး ပြောကြားကြပြီး ကျေးလက်နေ ပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်သက်ဆိုင်ရာဌာန ဆိုင်ရာများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost



No comments:
Post a Comment