နီပိန်း အကြမ်းဖက်သမားတွေရဲ့ အသက်တွေကို ငွေနဲ့ ကယ်တင်ပေးနေတဲ့ နစက - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နီပိန်း အကြမ်းဖက်သမားတွေရဲ့ အသက်တွေကို ငွေနဲ့ ကယ်တင်ပေးနေတဲ့ နစက


ရင်းနှီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ပြောဖူးသလို ဆရာတော်တစ်ပါးကလည်း ထိုနည်းတူစွာ မိန့်ကြားဖူးပါတယ်။ "နီပိန်းတိုင်းဟာ အကြမ်းဖက်သမားမဟုတ်ဘူး။ အကြမ်းဖက်သမားတိုင်းကတော့ နီပိန်းတွေပဲ" တဲ့။

နီပိန်းတွေကို အကြမ်းဖက်သမားဖြစ်အောင် ဘယ်သူတွေက လုပ်တာလဲ။ သူတို့ကို ဦးဆောင်နေတဲ့ နီပိန်းကြီးများကပဲ အကြမ်းဖက်လမ်းစဉ်ပေါ် တွန်းတင်ပေးသွားခဲ့တာ ဖြစ်ပါတယ်။ နီပိန်းခေါင်းဆောင်ကြီးများရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ကတော့ လေးစားလောက်ပါတယ်။ စံပြုထိုက်ပါတယ်။ (အတည်မထင်နဲ့၊ ရွဲ့ပြောတာ)

နီပိန်းခေါင်းဆောင်ကြီးများဟာ မိမိတို့ကို ထောက်ခံအားပေးတဲ့ နီပိန်းလူထုကို လုပ်ကြံဖန်တီး ပြောဆိုမှုတွေနဲ့ မှိုင်းတိုက်ခဲ့ကြတယ်။ နီပိန်းခေါင်းဆောင်ကြီးများဟာ လက်ရှိနိုင်တော်တာဝန်များကို လွှဲပြောင်းရယူပြီး တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်ဦးဆောင်တဲ့ အစိုးရကို နည်းမျိုးစုံစွာနဲ့ လုပ်ကြံဖန်တီးပြောဆိုပြီး တိုက်ခိုက်သလို ပြည်သူလူထု အတိဒုက္ခရောက်အောင်လည်း သတင်းမှားတွေကို ပြည်ဖျက်မီဒီယာများနဲ့ ပူးပေါင်းဖြန့်ဝေခဲ့ကြတယ်။

ယနေ့တိုင်းပြည်မှာ ငွေကြေးတန်ဖိုးကျဆင်းရခြင်းရဲ့ အဓိက တရားခံများဟာ နီပိန်းခေါင်းဆောင်ကြီးများနဲ့ ပြည်ဖျက်မီဒီယာများ ပူးပေါင်းလုပ်ဆောင်ချက်တွေကြောင့် ဖြစ်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး များမကြမီ နီပိန်းများ မြို့နယ်အနှံ့မှာ ဆူပူဆန္ဒပြမှုတွေ လုပ်ဆောင်ရင်း ၅၀၀၀ တန်၊ ၁၀၀၀၀ တန်တွေ သိမ်းတော့မှာဆိုပြီး လုပ်ကြံဖန်တီး ဖြန့်ဝေကြတယ်။ နီပိန်းခေါင်းဆောင်ကြီးများနဲ့ ပြည်ဖျက်မီဒီယာတွေက လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းကလည်း နစကအစိုးရရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထုတ်ဝေထားတဲ့ ငွေကြေးများကို တရားမဝင်ငွေကြေးအဖြစ် ကြေညာခွင့် မရှိကြောင်း ရှင်းလင်း ပြောဆိုခဲ့ရပါတယ်။ 

နီပိန်းခေါင်းဆောင်ကြီးများနဲ့ ပြည်ဖျက်မီဒီယာများက မေ့လောက်ပြီဆိုရင် တခါ မဟုတ်မမှန် လုပ်ကြံဖန်တီး ဖြန့်ဝေကြပြန်ရော။ ဒီကာလအတွင်းမှာ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနဲ့ ပြည်ဖျက်မီဒီယာများဟာ ငွေကြေးဈေးကွက် ကမောက်ကမဖြစ်အောင် ၅ကြိမ်ထက် မနည်းလုပ်ဆောင်ခဲ့ကြပါတယ်။ ရလာဒ်ကတော့ ရွှေဈေး၊ ဒေါ်လာဈေးတွေ အဆမတန် ထိုးတက်သွားခြင်းပါပဲ။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများက ပြောလိုက်မှဖြင့် သူတို့လုပ်သမျှ အစိုးရကို တော်လှန်နေတာ၊ နည်းလမ်းမျိုးစုံနဲ့ ဘက်ပေါင်းစုံက တော်လှန်နေတာဆိုတဲ့ စကားက သူတို့ရဲ့ လက်သုံးစကား။ သူတို့ရဲ့ ပစ်မှတ်ဟာ တပ်မတော်ဖြစ်ပေမယ့် သူတို့ရဲ့ လုပ်ဆောင်ချက်မှန်သမျှကတော့ ပြည်သူတွေ အတိဒုက္ခရောက်ရတာပဲ ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာများက နည်းမျိုးစုံနဲ့ ပြည်သူများ အတိဒုက္ခရောက်နေသည့်တိုင်အောင်လည်း နီပိန်းလူထုကတော့ အဲဒီလို လုပ်ရပ်တွေကို ထောက်ခံအားပေးနေတာပဲဗျာ။ 

နီပိန်းတွေရဲ့ ရပ်တည်ချက်တွေက ကြောက်စရာတော့ ကောင်းသားဗျ။ မိမိတို့ကို သေတွင်းထဲ တွန်းပို့နေမှန်း သိပါလျက်နဲ့ ပိုးဖလန်မျိုး မီးပုံတိုးသလို သေတွင်းထဲကို ဇွတ်တိုးဝင်ကြတာကို တွေ့ရတယ်။ ပြည်ပြေး ဝရမ်းပြေးတွေသာ အာဏာပြန်ရရင် သူတို့ကို နေရာပေးမှာ၊ လုပ်ပိုင်ခွင့်ပေးမှာကို မျှော်ကိုးပြီး ဇွတ်တိုးဝင်တဲ့ နီပိန်းတွေလည်း ရှိတယ်။ တချို့ကတော့ ကြေးစားလူသတ်သမား ဝင်လုပ်ကြတာပါ။ သူတို့ရဲ့ ရက်စက်ယုတ်မာမှုတွေကို သူတို့ကိုယ်တိုင် Record ယူပြီး ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများထံ Report တင်ရတာဗျ။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေနဲ့ နီပိန်းအကြမ်းဖက်သမားတွေကြားမှာ နစကအစိုးရအနေနဲ့ ကိုင်တွယ်ရခက်ခဲတဲ့ အခြေအမျိုး မြင်တွေ့ခဲ့ရပါတယ်။ အကြမ်းဖက်နှိမ်နင်းရေးကို ပြင်းပြင်းထန်ထန် လုပ်ပြန်ရင်လည်း နီပိန်းတွေ လူညွန့်တုန်းမယ်။ အကြမ်းဖက်နှိမ်နင်းရေးကို မလုပ်ပြန်ရင်လည်း နီပိန်းအကြမ်းဖက်သမားတွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်နေကြတယ်။ နစကအစိုးရရဲ့ ကိုင်တွယ်ပုံဟာ အကြမ်းဖက်ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် ဘယ်လိုမှ သည်းခံလို့ မရတဲ့အခြေအနေမျိုးအထိ ဖြစ်လာပါတယ်။

နစကအစိုးရအနေနဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ အသုံးချခံဖြစ်နေတဲ့ နီပိန်းလေးတွေကို အသိမှန် အမြင်မှန် ရစေချင်တယ်။ နီပိန်းအကြမ်းဖက်သမားတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အဆုံးသတ်စေချင်တယ်။ ပထမဆုံးအနေနဲ့ နီပိန်းတွေ ကျူးလွန်နေတဲ့ လုပ်ရပ်များဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ဘယ်လိုပြစ်ဒဏ်တွေ ခံရနိုင်ပါတယ်။ ဥပဒေဘောင်အတွင်း ဝင်ရောက်ကြဖို့ ဖိတ်ခေါ်တယ်။ နီပိန်း အကြမ်းဖက်သမားတွေက ဥပဒေဘောင်အတွင်း မဝင်ဘူး။ နီပိန်း အကြမ်းဖက်သမားတွေက KIA, KNU အကြမ်းဖက်အဖွဲ့များထံမှာ တပည့်ခံပြီး ကိုယ့်ရွာသူရွာသားအချင်းချင်း သတ်ရတာကို အရသာတွေ့နေကြတယ်။ သံဃာတော်တွေကို ဖမ်းဆီးသတ်ဖြတ်ဖို့ကိုလည်း ဝန်မလေးတော့ဘူး။ ဆရာ/ဆရာမတွေကိုလည်း အလွတ်မပေးဘူး။ နစကအစိုးရဟာ တပ်မတော်ဦးဆောင်တဲ့ အစိုးရဖြစ်ပေမယ့် တပ်မတော်သား အငြိမ်းစားတွေ ကိုယ်တိုင်က အားမလိုအားမရ ဖြစ်လာတဲ့အထိ နီပိန်းအကြမ်းဖက်သမားများအပေါ်မှာ ငဲ့ညှာခဲ့ပါတယ်။

သို့သော် နီပိန်း အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာမှုတွေက လွန်ကြူးလာပြီ။ မရှင်းလို့လည်း မဖြစ်တော့ဘူး။ စက်တင်ဘာလအတွင်းမှာတော့ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ရဲ့ လက်စွမ်းကို ပြခဲ့ရတယ်။ တနင်္သာရီတိုင်းမှာ အကြမ်းဖက်စခန်းတစ်ခုကို ရှင်းလင်းစဉ် အကြမ်းဖက်သမား ၁၀ဦး အသေ၊ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းနိုင်ခဲ့သလို စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်မှာလည်း ရဲတပ်ဖွဲ့ဝင်များက ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေတဲ့ နီပိန်း အကြမ်းဖက်အဖွဲ့ တစ်ဖွဲ့ကို ရှင်းလင်းလိုက်နိုင်တယ်။

အဲဒီလို မလုပ်ချင်လို့ နစကအစိုးရက လမ်းဖွင့်ပေးထားခဲ့တာ ကြာပါပြီ။ PDF အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့များအတွင်း ရောက်ရှိနေသူများ လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်မယ်ဆိုရင် လက်နက်အမျိုးအစားပေါ် မူတည်ပြီး ဆုငွေများချီးမြှင့်ပေးမယ်လို့ ဖိတ်ခေါ်ထားတာ ကြာပါပြီ။ နိပိန်းလေးတွေ လက်နက်ကိုင်ပြီး မိုက်လုံးထွားနေတာမျိုး ဆက်မလုပ်စေချင်လို့ နီပိန်းတွေရဲ့ အသက်ကို ငွေနဲ့ ကယ်တင်ပေးခဲ့တာ။ အသိတရားရပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတွေ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ မန္တလေး၊ ရန်ကုန်တို့မှာ အနည်းငယ် ရှိခဲ့ပါတယ်။ နစကအစိုးရက လက်နက်မပါဘဲ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတွေကိုလည်း ကူညီပံ့ပိုးပေးတယ်။ လက်နက်အပ်နှံပြီး ဝင်ရောက်လာသူတွေကိုလည်း လက်နက်အမျိုးအစားပေါ် မူတည်ပြီး ဆုငွေတွေ ချီးမြှင့်ပေးခဲ့ပါတယ်။ စံချိန်တင် ဥပဒေဘောင်အတွင်း ဝင်ရောက်မှုအနေနဲ့ စက်တင်ဘာလအတွင်းမှာ အကြမ်းဖက်သမား ၅၀ နီးပါး ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြတယ်။ (၅-၁၀-၂၀၂၃) ရက်နေ့ကလည်း ပုသိမ်မြို့မှာ PDF အဖွဲ့ဝင်တချို့ လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်လာခဲ့ကြတယ်။

အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့တဲ့ နီပိန်းခေါင်းဆောင်ကြီးများဟာ အကြမ်းဖက်လှုပ်ရှားမှု အောင်မြင်သည် ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ လုံးဝ ဂရုမစိုက်ဘူး။ သူတို့အနေနဲ့ အတိဒုက္ခရောက်စရာလည်း မရှိဘူး။ အတိဒုက္ခမရောက်နိုင်တဲ့ လွတ်မြောက်နယ်မြေကို ကြိုတင်ပြီး အရောက်ပြေးခဲ့ကြပြီးဖြစ်တယ်။ သူတို့ရဲ့ လှုံ့ဆော်မှုကြောင့် နီပိန်း အကြမ်းဖက်သမားလေးတွေ မိုက်လုံးထွားနေကြတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက နှိမ်နင်းလို့ နီပိန်းအကြမ်းဖက်သမားလေးတွေ သေတဲ့အခါမျိုးမှာလည်း ဘာမှ တာဝန်ယူစရာမလိုဘူး။ သေတွင်းထဲ တွန်းပို့ခဲ့ပြီး ဖြစ်လို့ နီပိန်းအကြမ်းဖက်သမားလေးတွေ သေလို့လည်း သူတို့အတွက် အထူးအဆန်း မဟုတ်ဘူး။ ဟန်ပြအနေနဲ့တော ဝမ်းနည်းကြောင်း လုပ်ပြရတာပေါ့။ ပြီးတော့လည်း နီပိန်းအကြမ်းဖက်သမားလေးတွေ သေတာကို အကြောင်းပြပြီး ခွက်ခေါက်တဲ့ အလုပ်အပြင် တခြားမရှိပါဘူး။ 

အဲဒီ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေကို ထောက်ခံအားပေးပြီး မိုက်လုံးထွားနေကြတဲ့ နီပိန်းတွေဟာ သူတပါးကိုလည်း အတိဒုက္ခရောက်အောင် လုပ်နေကြသလို သူတို့ကိုယ်တိုင်လည်း ဒီအတိုင်းသာ ဆက်သွားနေရင် အတိဒုက္ခရောက်ရမှာပဲ။

နီပိန်းလေးတွေသာ အသိအတရားရှိမယ်ဆိုရင် အကြမ်းဖက်လမ်းစဉ်ပေါ် တွန်းတင်ခဲ့တဲ့ သူတို့ရဲ့ ခေါင်းဆောင် (ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ) တွေဟာ သူတို့ကောင်းကျိုးဖြစ်စေမယ့် အလုပ် ဘာမှ လုပ်ပေးခဲ့တာ မရှိဘူး။ အာဏာရလိုမှုနဲ့ နီပိန်းမှန်သမျှကို အကြမ်းဖက်သမား၊ အကြမ်းဖက်လှုံ့ဆော်သူ၊ အကြမ်းဖက်လှုပ်ရှားမှုအတွက် ထောက်ပို့ အားလုံးကို အသုံးချသွားတာကိုပဲ မြင်တွေ့ရလိမ့်မယ်။ နီပိန်းတွေရဲ့ ကျေးဇူးရှင် အစစ်အမှန်က နစကအစိုးရပဲ။ နေ့စဉ်နေ့တိုင်း နီပိန်းတွေ ဆဲဆိုစော်ကားနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နီပိန်း နီပိတ်တွေရဲ့ ကျေးဇူးရှင် အစစ်အမှန်ပါပဲ။ ဝေဖန်မှုတွေကြားမှာ နီပိန်းတွေကို ငဲ့ညှာစာနာခဲ့တယ်။ နီပိန်းတွေရဲ့ လက်ချက်နဲ့ အပြစ်မဲ့ ရဟန်းရှင်ပြည်သူတွေ သေဆုံးနေရတယ်။ နီပိန်းမဟုတ်တဲ့ ပြည်သူတွေ အတိဒုက္ခရောက်ပြီး ပြေးလွှားတိမ်းရှောင်နေကြရတယ်။ အဲဒီလို လူတွေအတွက် နစကအစိုးရမှာ ဦးစားပေးအစီအစဉ်ဆိုတာ ယနေ့ထိတိုင်အောင် မရှိသေးဘူး။

ပြည်ပြေး ဝရမ်းပြေးတွေရဲ့ နိုင်ငံရေးလုပ်စားသူတွေရဲ့ အသုံးချခံဘဝကို ရောက်နေတဲ့ နီပိန်းများကိုတော့ ဘက်ပေါင်းစုံ နည်းလမ်းပေါင်းစုံနဲ့ ငွေကုန်ကြေးကျခံပြီးတော့ ကယ်တင်ပေးခဲ့တယ်။ ကယ်တင်နေဆဲပဲ။ နီပိန်း အကြမ်းဖက်သမားများ သေရွာမလားမီ အသိတရားရဖို့ အချိန်တန်ပြီဖြစ်ပါကြောင်း -


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)