ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၃/၂၀၂၃) ဖွင့်လှစ်ပို့ချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၃/၂၀၂၃) ဖွင့်လှစ်ပို့ချပေး










MNP ၊ အောက်တိုဘာ  ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဟင်္သာတခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနတို့ ပူးပေါင်း၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းအမှတ်စဥ်(၃/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါနေရာတွင် ကျင်းပခဲ့သည်။


အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ယခုလို ရက်တို သင်တန်းများမှသည် မိမိအတွက် တစ်နိုင်တစ်ပိုင် အသေးစား လုပ်ငန်းများ တည်ထောင်နိုင်ပြီး ဒေသအတွက် MSME လုပ်ငန်းများ ပေါ်ထွက်လာစေရန် ကြိုးစားသင်ယူကြစေလိုကြောင်းမှာကြားပါသည်။ ဆက်လက်၍ ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်ဦးစီးဌာနမှူး ဒေါ်လတ်လတ်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက် များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ခရိုင်ပြန်ဆက်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေက ပြန်/ဆက် ဦးစီးဌာနမှ ဆောင်ရွက်နေသည့် လူထုအခြေပြုဗဟိုဌာနနှင့်စပ်လျဥ်း၍ ဒေသနေပြည်သူများ အလုပ်အကိုင် အခွင့်အလန်းများရရှိစေရေး၊ အိမ်တွင်းသက်မွေးမှုပညာရပ်များ သင်ကြားပေးနေမှုနှင့် အခြေအနေများနှင့် နည်းပညာနှင့် သင်ထောက်ကူများရရှိရေး သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့်ချိတ်ဆက် ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကာ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံ ရိုက်ကူးခြင်းတို့ဆောင်ရွက်ခဲ့ကြသည်။


ဖွင့်ပွဲအခမ်းအနား အပြီးတွင် သင်တန်းတွင် သင်ကြားပို့ချသွားမည့် နည်းပညာ ကုန်ကြမ်း ပစ္စည်းများ ခင်းကျင်းပြသထားမှုအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှု လေ့လာခဲ့ကြသည်။ အဆိုပါသင်တန်းအား သင်တန်းသူ(၂၀)ဦးဖြင့် ဟင်္သာတခရိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြိုးအိမွန်က နည်းပြအဖြစ် ဆောင်ရွက်ကာ သင်တန်းကာလ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။


အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ဟင်္သာတခရိုင် ကျေးလက်လမ်း ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကိုကိုသိန်းဇော်လင်း၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေနှင့်ဝန်ထမ်းများ၊ ဟင်္သာတခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လတ်လတ်ဝင်း၊ ဟင်္သာတခရိုင် စက်မှုကြီးကြပ်မှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ဇာလင်း၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်း၊ အစိုးရနည်းပညာ အထက်တန်း ကျောင်း (ဟင်္သာတ) ကျောင်းအုပ်ကြီး ဦးမင်းမင်းဦးနှင့် သင်တန်းသူများ စုစုပေါင်း (၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)