ဂါဇာကမ်းမြောင်ဒေသတလျောက် အစ္စရေးရဲ့ တုန့်ပြန်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း လူ ၃၀၀ သေဆုံးပြီး ၁၉၀၀ ကျော် ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂါဇာကမ်းမြောင်ဒေသတလျောက် အစ္စရေးရဲ့ တုန့်ပြန်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း လူ ၃၀၀ သေဆုံးပြီး ၁၉၀၀ ကျော် ဒဏ်ရာရရှိ



ကိုင်ရို၊ အောက်တိုဘာ ၈

ဂါဇာကမ်းမြောင်အား အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူ ၃၀၀ ကျော် သေဆုံးပြီး ၁၉၀၀ ခန့် ဒဏ်ရာများ ရရှိခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ခဲ့သည်။

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံသား ၃၁၃ ဦး သေဆုံးကာ ၁,၉၉၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် ဂါဇာကမ်းမြှောင်မှ အစ္စရေးပိုင်နက်ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် စစ်သွေးကြွအုပ်စုများသည် အစ္စရေးပိုင်နက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့သည်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပါလက်စတိုင်းနယ်မြေထဲက တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ 'Iron Swords' စစ်ဆင်ရေးကို စတင်ခဲ့တယ်လို့ ကြေညာခဲ့သည်။

HAMAS ၏ နိုင်ငံရေးဗျူရို၏ လက်ရှိ အကြီးအကဲ Ismail Haniyeh က ပါလက်စတိုင်း၏ တိုက်ခိုက်မှုသည် ဂျေရုဆလင်မြို့လယ်ရှိ Al Aqsa ဗလီနှင့် ပတ်သက်၍ အစ္စရေး၏ ပြင်းထန်သော လုပ်ရပ်အတွက် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။


Ref - TASS

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)