ခရမ်းအထွထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းလီမီတက်၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှင့် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းအထွထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းလီမီတက်၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှင့် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝးကျင်းပ



MNP ၊ အောက်တိုဘာ    ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ခရမ်းအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမီတက်၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှင့် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝးကို ယမန်နေနံနက် ၉ နာရီအချိန်က ခရမ်းလီမီတက်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အခန်းအနားတွင် သဘာပတိ ဦးခင်မာင်သိန်းနှင့် ခရမ်းမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သန္တာ အောင်တို့ကအမှာစကား ပြောကြားခဲ့ပြီးအသင်း၏ (၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့မှတင်သွင်းသည့် အစီရင်ခံစာအားဖတ်ကြားရှင်းလင်း၍ (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်၊ နှစ်ချုပ်စာရင်းနှင့်အကျိုး ငွေခွဲဝေမှုစာရင်းများကို အသင်းဥက္ကဋ္ဌ ဦးအေးကိုက ရှင်းလင်းခဲ့သည်။ ထို့နောက် အသင်းသားစာရင်းစစ်အစီရင်ခံစာကို အသင်းသား စာရင်းစစ်မှ ရှင်းလင်းတင်ပြခဲ့ပြီး အသင်းသားများ၏ အကြံပြုတင်ပြချက်များကို ပြန်လည် ရှင်းလင်းဆွးနွေး၍ ဒါရိုက်တာအဖွဲ့ အစီရင်ခံစာနှင့်‌ ရှေလုပ်ငန်းစဉ်ဆုံး ဖြတ်ချက်များကို သဘာပတိမှအတည်ပြုပြီး (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်အတွက် ပညာသင်ဆုကြေးများကို အဖွဲ့ဝင်အသင်းသားများကိုလည်းကောင်း၊ ဝန်ထမ်းသားသမီးများအတွက် ပညာသင်ဆုများကို ဝန်ထမ်းများထံ မြို့နယ်သမဦးစီးအရာရှိ ဒေါ်ခင်သန္တာအောင်က ပေးအပ်ခဲ့ကြောင်း သိရသည်။


ကိုမင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)