ချောင်းဦးမြို့၌ မိုးစပါး၊ မိုးသီးနှံမျိုးစေ့ထုတ်ကွက်နှင့် စံပြကွက်စိုက်ပျိုးသည့် တောင်သူများအား သွင်းအားစု ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး နည်းပညာပေး သင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဦးမြို့၌ မိုးစပါး၊ မိုးသီးနှံမျိုးစေ့ထုတ်ကွက်နှင့် စံပြကွက်စိုက်ပျိုးသည့် တောင်သူများအား သွင်းအားစု ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး နည်းပညာပေး သင်တန်းဖွင့်



MNP ၊ အောက်တိုဘာ    ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျေးရွာအုပ်စု ၉ အုပ်စုမှ မိုးစပါး၊ မိုးသီးနှံ မျိုးစေ့ထုတ်ကွက်နှင့် စံပြကွက် စိုက်ပျိုးသည့် တောင်သူများအား ဖိတ်ကြားပြီး ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး  နည်းပညာပေး သင်တန်းနှင့် သွင်းအားစု ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော် တက်ရောက်ပြီး အမှာစကား ပြောကြားရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဥ်ဖြင့်  နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် သွင်းအားစု ပံ့ပိုးပစ္စည်းများအား စိုက်ပျိုးရေးလုပ်ကိုင်နေသည့်  တောင်သူများ ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သလို စိုက်ပျိုးရေးဦးစီးဌာနမှလည်း မိုးစပါးစိုက်ပျိုးရာတွင် တဧက တင်း(၁၀၀) အထက်ထွက်ရှိ နိုင်သည့် စိုက်ပျိုးရေး နည်းပညာများ ဖြန့်ဝေပေးနေကြောင်း၊ အကျိုးဆောင် တောင်သူများအနေဖြင့် နိုင်ငံတော်မှ ပံ့ပိုးပေးသည့် သွင်းအားစု ပံ့ပိုးပစ္စည်းများနှင့် စိုက်ပျိုးရေး နည်းပညာများ ပေါင်းစပ်ကာ စိုက်ပျိုးသွားမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။ လယ်ယာမြေစီမံခန့်ခွဲရေး စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညွန့်အောင်မှ မိမိတို့ ဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း၊ လယ်ယာမြေနှင့် ပတ်သက်၍ အကူအညီ လိုအပ်ပါက တောင်းနိုင်ကြောင်း၊ စိုက်ဧကပြည့်မီအောင် စိုက်ပျိုးကြစေလိုကြောင်း ပြောကြား သည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးမှ စိုက်ပျိုးရေး နည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် လိုက်နာဆောင်ရွက်လာစေရန်၊ သီးနှံများ စိုက်ဧက ပြည့်မီပြီး အထွက်နှုန်းတိုးစေရန်၊ တောင်သူလယ်သမားများ ဝင်ငွေတိုးတက်မြင့်မားလာစေရန်၊ စားရေ ရိက္ခာဖူလုံစေရန်၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်နှင့် နည်းပညာပေး သင်တန်းများပေးပြီး သွင်းအားစုများ ထောက်ပံ့ပေးအပ်ရသည့် အကြောင်းများကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ယူရီးယားမြေသြဇာ၊ ဇီဖာမြေသြဇာ၊ သဘာဝပိုးတားဆေးပုံးများ ပါဝင်သည့် သွင်းအားစု ပံ့ပိုးပစ္စည်းများအား အကျိုးဆောင် တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်၊ လယ်ယာမြေစီမံခန့်ခွဲရေး စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညွန့်အောင်၊ ကျေးရွာအုပ်စု ၉ အုပ်စုမှ တောင်သူ ၄၅ ဦး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းဆရာများ တက်ရောက်ခဲ့သည်။ သင်တန်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးမှ မိုးစပါးစိုက်ပျိုးရာတွင် တစ်ဧက တင်း(၁၀၀) အထက်ထွက်ရှိရေး စိုက်ပျိုးရေး နည်းပညာ များ၊ လိုက်နာရမည့် အချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ဘက်စုံပိုးမွှားကာကွယ်ရန် နည်းစနစ်များကို ဒေါ်မာလာနွယ်မှ ရှင်းပြခဲ့သည်။


ဝင်းမြင့်အောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)