အမာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၊ (ပ)နှစ်ဝက်ဆုံး တတ်‌မြောက်မှုစစ်‌ ဆေးခြင်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ‌စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၊ (ပ)နှစ်ဝက်ဆုံး တတ်‌မြောက်မှုစစ်‌ ဆေးခြင်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ‌စတင်ဖြေဆို


MNP ၊ အောက်တိုဘာ    ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄  ပညာသင်နှစ် (ပ)နှစ်ဝက်ဆုံး တတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲ မြန်မာစာဘာသာကို ယနေ့နံနက် ၉ နာရီမှ စ၍ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။


စာမေးပွဲ ဖြေဆိုရာတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၄၈)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၆၈)ဦး၊ မူလတန်းအဆင့် (Grade-4, Grade-5) ကျောင်းသား၊ ကျောင်းသူ (၁၄၀)ဦး ဖြေဆိုကြပြီး စာမေးပွဲဖြေဆိုခြင်းကို  အောက်တိုဘာလ (၁၃)ရက်မှ (၂၀)ရက်ထိ ဖြေဆိုရမည်ဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများ  စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်း၏ ကြီးကြပ်မှုဖြင့် ဆရာ၊ ဆရာမများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အမာ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)