ဂန့်ဂေါမြို့နယ်တွင် ဖမ်းဆီးရမိ အကြမ်းဖက်သမားတစ်ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)အရ ထောင်တစ်သက် ပြစ်ဒဏ်ချမှတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂန့်ဂေါမြို့နယ်တွင် ဖမ်းဆီးရမိ အကြမ်းဖက်သမားတစ်ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)အရ ထောင်တစ်သက် ပြစ်ဒဏ်ချမှတ်


MNP ၊ အောက်တိုဘာ ၆

ဂန့်ဂေါမြို့နယ်တွင် ဖမ်းဆီးရမိ PDF အကြမ်းဖက်သမား(၁)ဦးအား ၃-၁၀-၂၀၂၃ ရက်နေ့တွင် စစ်ခုံရုံးဖြင့်စစ်ဆေးခဲ့ပြီး ထောင်တစ်သက် ကျခံစေရန် ချမှတ်ခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သမားများအား ယမ်းစပ်ခြင်း၊ လက်လုပ်သေနတ်နှင့် လက်လုပ်စိန်ပြောင်းများ ပြုလုပ်သည့်နေရာသို ဓာတ်ဆီများ ပိုဆောင်ပေးခြင်း၊ နှမ်းခါးကျေးရွာအတွင်း တစ်အိမ်လျှင် (၃၀၀၀) ကျပ်နှင့် စားသုံးဆီများ ဆက်ကြေးကောက်ခံ၍ PDF အကြမ်းဖက်အဖွဲ့အား ထောက်ပို့ပြုလုပ်ပေးခဲ့ခြင်းကြောင့် တရားခံ မျိုးကျော်ထွန်း(ခ)မျိုးကျော် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အရ ထောင်တစ်သက် ကျခံစေရန် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း ပြစ်မှုကျူးလွန်သူများအား စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သူ (၂၆၉) ဦးအား ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)