MNP ၊ အောက်တိုဘာ ၁၉
တောင်ကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ရွှေ က ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ဆွေးနွေးပြီးနောက် ဒုတိယဦးစီးမှူး ဒေါ်သန်းနု နှင့် မြို့နယ် ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးဝင်းမိုးကျော် တို့က ကလေးလုပ်သားအဓိပ္ပါယ် ၊ အဆိုးရွားဆုံးပုံစံ ဖြင့် ကလေးလုပ်သားကိုစေခိုင်းမှု ၊ ကလေးလုပ်သားဖြစ်ရခြင်းအကြောင်းရင်းများ ၊ ကလေးများ၏ အခွင့်အရေး ၊ အသက်ရှင်သန်ခွင့် ၊ ဖွံ့ဖြိုးတိုးတက်ခွင့် နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ပြစ်မှု ၊ ပြစ်ဒါဏ်များအကြောင်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံးသည် ကလေးအလုပ်သမား ပပျောက်ရေးအတွက်ပြည်သူထူထုကျယ်ကျယ်ပြန့်သိရှိနိုင်ရေး အသိပညာပေးဟောပြောပွဲများ ၊ဆွေးနွေးပွဲ များ နှင့် နံရံကပ်စာစောင်ပြပွဲကိုဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment