မင်းလှမြို့၌ ဂါလန်(၁၅၀၀၀၀)ဆံ့ ရေစုကန် အမှတ်(၂) လုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့၌ ဂါလန်(၁၅၀၀၀၀)ဆံ့ ရေစုကန် အမှတ်(၂) လုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေး



MNP ၊ အောက်တိုဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့် ဂါလန်(၁၅၀၀၀၀)ဆံ့ ရေစုကန် အမှတ်(၂) ဆောက်လုပ်ခြင်း ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်တည်‌ဆောက်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က ယမန်နေ့ နံနက်(၉)နာရီခွဲက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။


မင်းလှမြို့၌ ဂါလန်(၁၅၀၀၀၀)ဆံ့ ရေစုကန် ဆောက်လုပ်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်ဖြင့် ရေစုကန် အမှတ်(၂)၊ အလျား(၇၆)ပေ၊ အနံ(၅၂)ပေ၊ အမြင့်(၈)ပေ ဆောက်လုပ်ခြင်း၊ (၁: ၂ :၄) ကွန်ကရစ်အဖုံး လောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု‌များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်နွယ်နွယ်အေးနှင့် တာဝန်ခံအင်ဂျင်နီယာ ဦးညီညီထွန်းတို့က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ ဂါလန်(၁၅၀၀၀၀)ဆံ့ ရေစုကန် ဆောက်လုပ်ခြင်းလုပ်ငန်း (၇၆'×၅၂'×၈')အား တည်ဆောက် ပြီးစီးပါက မြို့ပေါ်ရပ်ကွက် ( ၃ )ရပ်ကွက်မှ လူဦးရေ( ၈၀၀)ဦးမှာ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ရရှိမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။


ဇာဇာ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)