MNP ၊ အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်ရှိ အသက် ၈၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ငွေများကို ကျောက်မဲခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီနှင့်ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများထံသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်မှ အသက် ၈၅ နှစ်ပြည့်ပြီးသူနှင့်အထက် သက်ကြီးဘိုးဘွား ၁ ဦးကို တစ်လလျှင် ငွေ ၁၀၀၀၀ကျပ်နှုန်းဖြင့် လူမှုရေးပင်စင်များပုံမှန် ထုတ်ပေးလျှက်ရှိရာ ကျောက်မဲမြို့နယ်အတွင်း အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားစုစုပေါင်း ၅၁၆ ဦးရှိသည့်အတွက် အဆိုပါဘိုးဘွားများ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒုတိယ ၃ လပတ်( ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) ၃ လစာအတွက် လူမှုရေးပင်စင်ငွေကျပ် (၁၅၄၈၀၀၀၀/-)ကို လူမှုရေးဝန်ထမ်းဦးစီးဌာနမှ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့လက်ဝယ်သို့ ထုတ်ပေးခြင်းဖြစ်သည်။
ကျောက်မဲခရိုင်(ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံမြို့နယ်) အတွင်း အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားပေါင်း ၁၆၉၅ ဦးရှိပြီး အဆိုပါ ဘိုးဘွားများ၏ လူမှုရေးပင်စင်ငွေများကို ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှတဆင့် သက်ဆိုင်ရာမြို့နယ်များ၏ တာဝန်ရှိသူများထံသို့ ထုတ်ပေးပြီး ဖြစ်ကြောင်းသိရသည်။
အဆိုပါ လူမှုရေးပင်စင်ငွေများကို အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဘိုးဘွားများ လက်ဝယ်အရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment