ပွင့်ဖြူမြို့နယ်၌ ပြည်သူများ ကျန်းမာရေး ဘေးကင်းလုံခြုံမှုရှိစေရန် သတ်မှတ်စံချိန်စံညွှန်းမမီသော တရားမဝင်ဆေးဝါးပစ္စည်းများ ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ပြည်သူများ ကျန်းမာရေး ဘေးကင်းလုံခြုံမှုရှိစေရန် သတ်မှတ်စံချိန်စံညွှန်းမမီသော တရားမဝင်ဆေးဝါးပစ္စည်းများ ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး


MNP ၊ အောက်တိုဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကျန်းမာရေးအတွက် လိုအပ်သော ဆေးဝါးနှင့် ဆေးပစ္စည်းများ ဝယ်ယူသုံးစွဲရာ၌ ဘေးကင်းလုံခြုံစေရန်နှင့် စနစ်တကျ ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့မစည်ပင်သာယာဈေးနှင့် ရပ်ကွက်များရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး သတ်မှတ်စံချိန်စံညွှန်းမမီသော တရားမဝင် ဆေးဝါးနှင့် ဆေးပစ္စည်းများ ရောင်းချခြင်‌ေမရှိစေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊  စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးနှင့် ရပ်ကွက်များရှိ ဆေးဝါးပစ္စည်းအရောင်း ဆိုင်များသို့ သွားရောက်ပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ပြည်သူများထံ ဆေးဝါးနှင့် ဆေးပစ္စည်းများ ရောင်းချရာတွင် ကျန်းမာရေး ဘေးကင်းလုံခြုံစေရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသော ဆေးဝါးနှင့် ဆေးပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းများ မပြုရေး၊ သက်တမ်းလွန်နေသော ဆေးဝါးပစ္စည်းများ ရောင်းချခြင်းမပြုရန် အသိပညာပေး ရှင်းလင်းပြောကြားကာ ရောင်းချခြင်းမပြုရန် တားမြစ်ထားသော တရားမဝင် ဆေးဝါးနှင့် ဆေးပစ္စည်းများ ရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။


ထို့နောက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဆေးဝါးပစ္စည်းအရောင်းဆိုင်များအလိုက် ရောင်းချနေသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများတွင် ပြည်သူများအတွက် ကျန်းမာရေး ဘေးကင်းလုံခြုံစိတ်ချရမှု ရှိ/မရှိ လိုက်လံ ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။ 


ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ သက်ရှည်ကျန်းမာစေရန်နှင့် ကျန်းမာရေးအတွက် ဘေးကင်းလုံခြုံစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့မစည်ပင်သာယာဈေးအပါအဝင် မြို့နယ်အတွင်းရှိ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များ၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များမှ လုပ်ငန်းရှင်များအား တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် သိရှိလိုက်နာရမည့် စည်းကမ်းချက်များကို အသိပညာပေးဆွေးနွေးခြင်း၊ ရောင်းချခြင်းမပြုရန် တားမြစ်ထားသော ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ လူသုံးကုန်နှင့်  စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ကြပ်မတ်စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့် ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာန(တာဝန်ခံ) ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးဝင်းထံမှ သိရသည်။   


လှိုင်ဝင်းလေး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)