ပဲခူးရေဘေး နှင့် ပရဟိတ နိုင်ငံရေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးရေဘေး နှင့် ပရဟိတ နိုင်ငံရေး







မြန်မာပြည်မှာ နှစ်စဉ်နှစ်တိုင်း ရေဘေး၊ လေဘေး ကြုံတွေ့ခဲ့ရပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များထဲက တစ်နေရာမှာ ဘေးဖြစ်ပြီဆိုတာနဲ့ အခြားသော အရပ်ဒေသက ပြည်သူတွေက မိမိတို့တတ်စွမ်းသမျှ ပူးပေါင်းကူညီထောက်ပံ့ကြတာလည်း မြန်မာတို့ရဲ့ အစဉ်အလာလို့ ပြောရမှာ ဖြစ်ပါတယ်ခင်။ စစ်ကိုင်းတိုင်းဒသေကြီးမှာ ရေဘေးဘေးဖြစ်ခဲ့တယ်။ အောက်မြန်မာပြည်က ပြည်သူတွေက လာရောက် လှူဒါန်းထောက်ပံ့ကြတယ်။ ဧရာဝတီတိုင်းမှာ ရေဘေးဖြစ်တယ် မြန်မာပြည်အလယ်ပိုင်း၊ အထက်ပိုင်းက လူတွေ လာရောက်လှူဒါန်းကြတယ်။ ရခိုင်ပြည်မှာ မုန်တိုင်းဒဏ် ခံခဲ့ရတယ်။ အနယ်နယ်အရပ်ရပ် က ပြည်သူတွေက တတ်စွမ်းသမျှ ပါဝင်လှူဒါန်း ထောက်ပံ့ကြတယ်။ ထို့အတူ ကရင်ပြည်နယ်မှာ ရေဘေးဖြစ်ရင်လည်း အခြားသော တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မနေကြပါဘူး။ မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူတွေရဲ့ ချစ်စရာကောင်းတဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ပါ။

ယခုလက်တလော အောက်တိုဘာလ (၇) ရက်နေ့ က စပြီး ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်လာတဲ့အတွက် ပဲခူးမြို့ပေါ်မှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက အချိန်နဲ့ တပြေးညီ ရေဘေးရှောင်စခန်းတွေ ဖွင့်လှစ်ပြီး ရေဘေးသင့် ပြည်သူများကို နေရာပြောင်းရွှေ့ပေးခဲ့ပါတယ်။ တပ်မတော်သားများက ဦးဆောင်ပြီး ရေဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာကို မြင်တွေ့ရပါတယ်။

ဒီကာလမှာ ပြည်သူများဟာ တစ်နေရာမှာ ဘေးဖြစ်နေလို့တောင် တစ်နေရာကနေ လွယ်လင့်တကူ သွားရောက် ကူညီဆောင်ရွက်ဖို့ မလွယ်ပါဘူး။ လမ်းကြောင်းအနေအထား စဉ်းစားချင့်ချိန်ပြီး သွားလာနေကြရပါတယ်။ ကြမ်းဖက်သမားတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် အရေးကိစ္စကြုံလို့မှ လမ်းကြောင်းအခြေအနေကို လေ့လာစုံစမ်းပြီးမှ သွားလာနေရတဲ့ ကာလဖြစ်ပါတယ်။ အကြမ်းဖက်သမားများဟာ သံဃာတော်များကို ချောင်းမြောင်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့သလို ပရဟိတအဖွဲ့တွေကိုလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာ ရှိပါတယ်။

ပဲခူးမြို့မှာ ရေဘေးကြုံတွေ့ရတဲ့ အခိုက်အတန့် တပ်မတော်သားများ သက်ဆိုင်ရာ တာဝန်ရှိသူများက အချိန်နဲ့ တပြေးညီ ဆောင်ရွက်တာကို မြင်တွေ့ရသလို ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်သူများကလည်း သက်ဆိုင်ရာ တာဝန်ရှိသူများနဲ့အတူ ရေဘေးသင့် စာသင်တိုက်(ဘုန်းတော်ကြီးကျောင်း)တွေ၊ ရေဘေးသင့် ပြည်သူတွေထံ ဆန်၊ ဆီ၊ ရေသန့်နဲ့ စားသောက်ဖွယ်ရာတွေ လိုက်ပါလှူဒါန်းမှုကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့တာ တွေ့မြင်ရပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဋ် ဌဦးရဲမြင့်ထွန်းနှင့် တိုင်းပါတီကော်မတီဝင်ဒေါက်တာထူးခြားအောင် နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ပဲခူးမြို့နယ်ပါတီအတွင်းရေးမှူး၊ မြို့နယ်ပါတီကော်မတီဝင်များ ဦးဆောင်ပြီး အောက်တိုဘာလ ၈ ရက်နေ့ကတည်းက ပဲခူးမြို့ရှိ ရေကြီးနစ်မြှပ်နေမှုများအား အသေးစိတ်ကွင်း စစ်ဆေးရေး ကော်မတီဖွဲ့စည်းပြီး ရေဘေးသင့်ပြည်သူအများအား ကူညီကယ်ဆယ်ထောက်ပံ့နိုင်ရေး ဆောင်ရွက်ခဲ့တာကို တွေ့မြင်ရပါတယ်။

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့သည် ပဲခူးမြို့ရှိ "ချမ်းမြေ့ဇေယျာဘုန်းတော်ကြီးကျောင်း"တွင် ဝါဆို/ ဝါကပ် စာသင် စာချ သီတင်းသုံးတော်မူသော စာသင်သားသံဃာတော် (၅၀၀)ပါးအတွက်ဆွမ်းကိစ္စအခက်အခဲမရှိစေရန် ဆန်(၅)အိတ်နှင့် ရေသန့်ကဒ်(၅၀)အားသွားရောက်လှူဒါန်းခဲ့တာကို တွေ့မြင်ရတယ်။ ညပိုင်းမှာလည်း ရေဘေးသင့် နေအိမ်များကို အရောက်သွားရောက်ပြီး ထမင်းဗူးတွေ လိုက်လံပို့ဆောင်ပေးခဲ့တာကို တွေ့မြင်ရပါတယ်။

ဆက်လက်ပြီး အောက်တိုဘာလ (၉)ရက်နေ့မှာလည်းစ တိုင်းဒေသကြီးပါတီဥက္ကဋ် ဌဦးဆောင်သောအဖွဲ့သည် ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များလိုက်ပါလျှက် ပဲခူးမြို့အတွင်းရှိ ကြခတ်ဝိုင်းစာသင်တိုက်တွင် ဝါဆို/ ဝါကပ်သီတင်းသုံးတော်မူသော သံဃာတော်အပါး(၂၅၀)အတွက် အသင့်စားထမင်းဗူးများ၊ ရေသန့်ကတ်၊ အချိုရည်ဗူးများ၊ ခေါက်ဆွဲခြောက်များ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေကြီးနစ်မြှပ်နေသော ပန်းလှိုင်ရပ်ကွက်၊ ပုဏ္ဍားစုရပ်ကွက်၊ မှော်ကန်ရပ်ကွက်များရှိ ပြည်သူအများအား အသင့်စားထမင်းထုပ်များ အိမ်အရောက်သွားရောက် လိုက်လံဝေငှပေးခဲ့တာကို တွေ့မြင်ရပါတယ်။ ကယ်ဆယ်ရေးစခန်းများသို့လှူဒါန်းခြင်း၊ နေအိမ်များတွင် ပိတ်မိနေသောသက်ကြီးရွယ်အိုများ၊ ပြည်သူအများအား နေအိမ်များမှ ရေလွတ်ရာသို့ ကူညီကယ်ထုတ်ခြင်း၊ နေရာရွှေ့ပြောင်းခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး ညပိုင်းအထိ ထမင်းထုပ်ဝေခြင်း၊ ဖယောင်းတိုင်များ လိုက်လံ လှူဒါန်းပေးခြင်းများ ဆောင်ရွက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ပဲခူးမြို့ ရေဘေးသင့်နေတဲ့ အချိန်မှာ ပြည်ခိုင်ဖြိုးပါတီ က တိုင်းဒေသကြီးအဆင့် ဦးဆောင်သူများနဲ့အတူ လူငယ်များကလည်း တက်ကြွစွာ ပါဝင်ကူညီဆောင်ရွက်ခဲ့တဲ့ ပုံရိပ်တွေကိုလည်း မြင်ရပါတယ်။ ဒီလို ဆောင်ရွက်နေတာကို မြင်တွေ့ရတဲ့အခါ နိုင်ငံရေးဆိုတာ အများပြည်သူကို ကောင်းကျိုးပြုရတဲ့ အလုပ်ဖြစ်ပါတယ်။ တချို့သော နိုင်ငံရေးသမားဆိုသူတွေကတော့ ပြဿနာရှာရတာကိုပဲ နိုင်ငံရေးလို့ အထင်ရောက်နေသူတွေ ရှိပါတယ်။ အဆိုးဆုံး အခြေအနေကတော့ နိုင်ငံရေးအစွန်းရောက်စိတ်နဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေကြတာကို ယနေ့ မျက်မှောက် ကျွန်တော်တို့ ရင်ဆိုင်နေကြရတယ် မဟုတ်ပါလား။

ဒီလိုကာလမှာ ပရဟိတအသင်းအဖွဲ့တွေ၊ လူမှုရေးအသင်းအဖွဲ့တွေ လှုပ်ရှားဆောင်ရွက်ရတာလည်း အခက်အခဲရှိသလို နိုင်ငံရေးပါတီများအနေနဲ့လည်း အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် အသံတောင် မထွက်ဝံ့ကြပါဘူး။ နိုင်ငံရေးဆိုတာ တခါတလေမှာ စကားကြီးစကားကျယ်တွေ ပြောနေခြင်းထက် ပြည်သူများရဲ့ လိုအပ်ချက်ကို အချိန်နဲ့ တပြေးညီ လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ နေရာကို ဖြည့်ဆည်းပေးလိုက်ခြင်းက ပိုပြီး အဓိပ္ပာယ် ရှိပါတယ်။ အကြမ်းဖက်သမားများဟာ ပြည်ခိုင်ဖြိုးပါတီဝင်များကို ပစ်မှတ်ထားနေတဲ့ အချိန်ကာလမျိုးမှာ ကိုယ့်မြို့နယ်၊ ကိုယ့်ဒေသမှာ ဒေသခံ ရဟန်းရှင်လူပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲကို အချိန် တာဝန်သိစိတ်နဲ့ အဘက်ဘက်ကနေ ပူးပေါင်းဆောင်ရွက်ပေးခဲ့တဲ့ ပဲခူးတိုင်းသေကြီး ပြည်ခိုင်ဖြိုး ပါတီဝင်များရဲ့ ဆောင်ရွက်ချက်များဟာ လေးစား ဂုဏ်ပြုကြရမှာပဲ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)