ရန်ကုန်တိုင်းဒေသကြီး၂၀၂၃ ခုနှစ်၊စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ် ဈေးရောင်းပွဲတော်ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး၂၀၂၃ ခုနှစ်၊စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ် ဈေးရောင်းပွဲတော်ဖွင့်ပွဲကျင်းပ







MNP ၊ အောက်တိုဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး ၂၀၂၃ ခုနှစ်၊ စက်မှုထုတ် ကုန်နှင့် ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင်ကျင်းပသည်။


ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်အဖွင့်အမှာ စကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ၂၀၂၃ ခုနှစ်၊ စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ်ဈေးရောင်း ပွဲတော်ကို အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ စည်ပင်သာယာရေးဝန်ကြီး (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယ ဥက္ကဋ္ဌစီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ စက်မှုဇုန်များမှ ဇုန် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ကြသည်။


ဆက်လက်၍ ဖွင့်ပွဲအထိမ်းအမှတ်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှတိုင်းရင်းသား၊ တိုင်းရင်းသူ လေးများက ထာဝရသစ္စာ တေးသီချင်းဖြင့်လည်းကောင်း၊ ဘင်ခရာအဖွဲ့များက လည်းကောင်း ဖျော်ဖြေတင်‌ ဆက်ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဖျော်ဖြေတင်ဆက်ကြသော အဖွဲ့များအားဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ကြသည်။


ယင်းနောက်အခမ်းအနား တက်ရောက်လာကြသည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဈေးဆိုင်ခန်းများတွင် ဈေးရောင်းချနေမှုများကို လှည့်လည်ကြည့်ရူ အားပေးခဲ့ကြသည်။


ယခုကျင်းပသည့် “၂၀၂၃ ခုနှစ် စက်မှုထုတ်ကုန်နှင့်ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ် ဈေးရောင်းပွဲတော်" တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ UMFCCI နှင့် ညီနောင်အသင်းများဖြစ်သည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ MSME လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံလက်လီ ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချ သူများ အသင်း၊ မြန်မာနိုင်ငံအမျိုး သမီးစွမ်းဆောင်ရှင်များအသင်း၊ လူငယ်စွန့်ဦးတီထွင်သူများအသင်း၊ ကွန်ပျူတာ အသင်းချုပ်၊ အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတို့မှ ထုတ်ကုန် အရောင်းပြခန်းများ၊ ဆန်၊ ဆီနှင့် ဟင်းသီးဟင်းရွက်ဆိုင်ခန်းကြီးများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန် အရောင်းပြခန်းများ ပါရှိပြီး အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ လာရောက် ရောင်းချသောထုတ်ကုန်ပစ္စည်း အရောင်းပြခန်းများ အပါအဝင် ဆိုင်ခန်းပေါင်း (၅ဝဝ)ခန့်ပြသရောင်းချမည်ဖြစ်သည်။


ပွဲတော်ရက်များအတွင်းနေ့စဉ် E-Sport Game ပြိုင်ပွဲများ၊ စတုဒိသာကျွေးမွေးခြင်းများ၊ရုပ်ရှင်၊ သဘင်နှင့် ဂီတနယ်ပယ်မှ ကျော်ကြားသောအနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ Circus ၊ မျက်လှည့်၊ DJ ၊ Dancer များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုခံစားနိုင်ကြ မှာဖြစ်ပြီး ဆန်၊ ဆီ၊ ကြက်ဥနှင့် ဟင်းသီး ဟင်းရွက် အခြေခံစားကုန်များကိုဈေးနှုန်း ချိုသာစွာဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။ ပွဲတော်လာ ပြည်သူများသွားရေးလာရေးလွယ်ကူစေရန် အကြို/အပို့ ကားများ စီစဉ်ထားကြောင်းသိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)