Online မှတစ်ဆင့်ငွေကြေးလိမ်လည်မှုပြုလုပ်နေသူများအား ဖော်ထုတ်ဖမ်းဆီး အရေးယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Online မှတစ်ဆင့်ငွေကြေးလိမ်လည်မှုပြုလုပ်နေသူများအား ဖော်ထုတ်ဖမ်းဆီး အရေးယူ









MNP ၊ အောက်တိုဘာလ ၂၇

နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ ဝိသမလောဘသားများ အနေဖြင့် Online မှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နိုင်ရန် ရန်ကုန်မြို့တွင် အခြေပြု၍ ပြည်ပ နိုင်ငံသားများ၏ အချက်အလက်များ ရှာဖွေစုဆောင်းကာ တစ်ဖက်လိမ်လည် သူများထံသို့ ပေးပို့ရောင်းချလျက်ရှိကြောင်း သတင်းရရှိသည့်အတွက် လုံခြုံရေး အဖွဲ့အစည်းများမှ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့သည်။ 

ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်း၊ ဦးချစ်မောင်အိမ်ရာ၊ တိုက်အမှတ်(S-19)တွင် ရုံးခန်းဖွင့်လှစ်ထားသည့် Supportfix Co.,Ltd အား သတင်းအရ လုံခြုံရေးအဖွဲ့အစည်းများမှ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ ဇူကျန်း(ခ) လောက်ဖ၊ ၃၄ နှစ်၊ (ဘ) ဦးလောက်ရှီးအပါအဝင် တရားခံ ကျား ၆၆ ဦး၊ မ ၂၂ ဦး၊ စုစုပေါင်း ၈၈ ဦးတို့အား ပြည်ပနိုင်ငံသားများ၏ အချက်အလက်များ စုဆောင်း၍ ငွေကြေးလိမ်လည်နိုင်ရေး ဆောင်ရွက်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 

ဆက်လက်၍ တရားခံ ဇူကျန်း(ခ)လောက်ဖ၏ ထွက်ဆိုချက်အရ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ လှိုင်မြစ်လမ်းရှိ Spring Line ကွန်ဒို၊ (၅)လွှာ၊ အခန်း(၅၀၁)သို့ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ ကျန်းယွိ၊ (၃၀)နှစ်၊ (ဘ) ဦးကျော်ရုံရွှန်းအပါအဝင်ကျား ၅ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၇ ဦးတို့အား ဆက်စပ်ပစ္စည်း များနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖော်ထုတ်ရရှိချက်များအရSupportfix Co.,Ltd အတွက် ဝန်ထမ်းများ ရှာဖွေပေးသူ ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်း၊ Dimond Condo(၇)လွှာနေ Zhan Tu Co.,Ltd ပိုင်ရှင် ရန်လုံရှင်းအား သွားရောက်ရှာဖွေခဲ့ရာ ထွက်ပြေးတိမ်းရှောင် သွားခဲ့သဖြင့် ရုံးခန်း ဖွင့်လှစ်ထားသည့် ကမာရွတ်မြို့နယ်၊ Time City Office Tower(3)၊ (၁၅)လွှာ၊ အခန်းအမှတ်(၁၅၀၂)အား ဆက်လက်ရှာဖွေချိပ်ပိတ် သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

စိစစ်ဖော်ထုတ်ချက်များအရ အဆိုပါအဖွဲ့များအနေဖြင့် ပြည်ပနိုင်ငံသားများ ထံမှငွေကြေးများ လိမ်လည်ရယူနိုင်ရန်အတွက် ပစ်မှတ်များရှာဖွေ စုဆောင်းခြင်း၊ ရရှိသည့် ပစ်မှတ်များ၏ ကိုယ်ရေးအချက်အလက်များ ရယူရန်အတွက် ဝန်ထမ်းများအား အဖွဲ့တစ်ဖွဲ့လျှင် ၁၀ ဦးစီခန့်ဖြင့် အဖွဲ့ငယ် ၈ ဖွဲ့ ဖွဲ့စည်းထားရှိပြီး WhatsApp လူမှုကွန်ရက်မှတစ်ဆင့် ပစ်မှတ်များထံဆက်သွယ်၍ အချက်အလက်များ ရယူလေ့ ရှိကြောင်း၊ ရရှိသည့် အချက်အလက်များအား စုဆောင်း၍ ငွေကြေး လိမ်လည်မည့် အခြားအဖွဲ့များသို့ ပြန်လည်ရောင်းချခြင်းများ ပြုလုပ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်။

ထိုကဲ့သို့Online လူမှုကွန်ရက်မှတစ်ဆင့် ပြည်ပနိုင်ငံသားများထံမှ ငွေကြေး လိမ်လည်မှု ပြုလုပ်နေသူ ဖမ်းဆီးရမိတရားခံ ၉၅ ဦးအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိဘပြည်သူများအနေဖြင့်လည်း အထက်ပါကဲ့သို့ ငွေကြေးလိမ်လည်နေသည့်အဖွဲ့အစည်းများအားသိရှိပါက သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများထံ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ကြောင်း အသိပေး သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)