MNP ၊ အောက်တိုဘာ ၆
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ကမ္ဘာ့ဆရာများနေ့အခမ်းအနားကျင်းပခြင်းကိုယမန်နေ့က အထက ပေါင် ရွှေရတုခန်းမ၌ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပေါင်မြို့နယ်မှ ဆရာ/ဆရာမများက နှလုံးသားလှပါသောဆရာ တေးသီချင်းဖြင့် အခမ်းအနားအား ဂုဏ်ပြုသီဆို ဖွင့်လှစ်ခဲ့ပေးခဲ့ကြပြီး နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့ သည့် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးထင်လင်းအောင်က ဖတ်ကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင် များက ပေးပို့သော စုပေါင်းသဝဏ်လွှာ ကို ဖတ်ကြားခဲ့ကာ ဗဟိုအဆင့်၊ ပြည်နယ်အဆင့် ဆုရရှိခဲ့သည့် ဆို၊က၊ရေး၊တီး ပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား၊ကျောင်းသူများအား
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်
ကလည်းကောင်း၊၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ ဆရာများနေ့အထိမ်းအမှတ် စာစီ စာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဗဟိုအဆင့်၊ ပြည်နယ်အဆင့် ဆုရရှိ ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများကက ဂုဏ်ပြုဆု များ ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပူဇော်ခံဆရာကြီး၊ဆရာမကြီးတို့အား ပူဇော်ကန်တော့ခဲ့ကြသည်။ ပူဇော်ခံဆရာကြီး၊ဆရာမကြီးတို့ကိုယ်စားဆရာကြီးဦးအောင်မြို့က ဆုံးမဩဝါဒစကားပြောကြားပြီး
ပေါင်မြို့နယ်မှ ဆရာ၊ ဆရာမများက လမ်းပြကြယ် တေးသီချင်းဖြင့် သီဆို ဂုဏ်ပြု ဖျော်ဖြေပြီးအခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment