MNP ၊ အောက်တိုဘာ ၁၃
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် အသိပညာပေးနှိုးဆော်ခြင်း ကို မြို့နယ် မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာများကယနေ့ နံနက်၉နာရီ အချိန် ကမြို့မဈေးနှင့်ကမ်းနားလမ်းတလျောက်အတွင်ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်ဦး နှင့်တပ်ဖွဲ့ဝင်များက မြို့မဈေးနှင့်ကမ်းနားတလျောက်ရှိ ဒေသခံပြည်သူများကိုမီးဘေး လုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်း ကမ်းချက်များနှင့် လိုက်နာဆောင်ရွက်ထားရှိကြရန် နှင့် မော်တော်ယာဉ်များ၊ စက်သုံး ဆီဆိုင်များ၊ တည်း ခိုရိပ်သာများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦ များ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေး ကြိုတင် ကာကွယ်ရန် ထားရှိအပ်သော ရှေးဦး မီးငြိမ်းသတ်ရေး ပစ္စည်းများ ဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူး များ၊ တပ်ဆင်ထားရှိကြရန် လိုအပ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
မီးလောင်မှု ဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်း နံပါတ် များအား ပြည်သူ့များ သိရှိနိုင်ရေး အတွက် အသိပေး လိုက်လံ နှိုးဆော်ခဲ့ကြကြောင်း သိရ သည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost





No comments:
Post a Comment