တောင်ကုတ်မြို့၌ အခမ်းအနားမှူးသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ အခမ်းအနားမှူးသင်တန်းဆင်းပွဲကျင်းပ





MNP ၊ အောက်တိုဘာ    ၁၃

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်ခဲ့သော အခမ်းအနားမှူး သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်ခန်းမ၌ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး က အမှာစကားပြောကြားပြီးနောက်  ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး နှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ခရိုင်မိသားစု စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်စန်းယုမြင့် တို့က သင်တန်းဆင်းလက်မှတ်များပေးအပ် ကြပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။


အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်ဇင်သန့် နှင့်အဖွဲ့ဝင် များ ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ခရိုင်မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်စန်းယုမြင့် နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့် အဖွဲ့ဝင်များ ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)