မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် သရက်မြို့နယ် ဘော်ကျေးရွာတွင် ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် သရက်မြို့နယ် ဘော်ကျေးရွာတွင် ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ



MNP ၊ အောက်တိုဘာ    ၁၃

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် သရက်မြို့နယ် ဘော်ကျေးရွာ ကွင်းအမှတ်(၉၁၇)၌ ယမန်နေ့ မွန်းလွဲ(၁)နာရီက စိုက်ပျိုးထားရှိသော မိုးစပါး မှော်ဘီ(၂)မျိုးစေ့ထုတ် စိုက်ခင်း (၁၀)ဧကအား စုပေါင်းမြေဩဇာကြဲပတ်ခြင်း ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ (မှော်ဘီ-၂) မိုးစပါး မျိုးစေ့ထုတ် စိုက်ပျိုးထားသည့် တောင်သူများနှင့် တွေ့ဆုံ၍ တောင်သူများ၏ တင်ပြဆွေးနွေးသည့် ရေရရှိရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိးနိုင်မှု ကျေးရွာအတွက် လိုအပ်သည့် ကွန်ကရစ်လမ်းရရှိရေးတို့ကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဟု လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးရွာနေတောင်သူများ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးတတ်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး တောင်သူများကလည်း တစ်သီးစားစိုက်ပျိုးခြင်းမဟုတ်ဘဲ နှစ်သီးသုံးသီး စိုက်ပျိုးနိုင်အောင် ကြိုးစားစိုက်ပျိုးကြရန် လိုအပ်ကြောင်းနင့် မိမိကျေးရွာမှ ပညာတတ်များ ပေါ်ထွန်းရေးအတွက် ပညာရေးကဏ္ဍကို နိုင်ငံတော်မှ မြှင့်တင်ဆောင်ရွက်ပေးနေခြင်းဖြစ်သောကြောင့် သက်ဆိုင်ရာ ပညာရေးဌာနနှင့် ရပ်မိရပ်ဖများက ပူးပေါင်းကြိုးပမ်းဆောင်ရွက်မှသာ မိမိကျေးရွာမှ ထူးချွန်ထက်မြတ်သော ပညာတတ်များ ပေါ်ထွန်းလာပြီး ရပ်ရွာတိုးတက်လာမည်ဟူ၍ ပြောကြားခဲ့ကြောင်း သိရသည်။


ဇော်ထက်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)