နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်ဝန် ဦးသန်းထွန်းဦး နေပြည်တော် ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စားစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် မြို့တော်သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်ဝန် ဦးသန်းထွန်းဦး နေပြည်တော် ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စားစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် မြို့တော်သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေး



MNP ၊ အောက်တိုဘာ  ၁၈

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက် မိုးသောက်ပန်းလမ်း လမ်းဘေးဝဲယာတွင် ချုံနွယ်များ၊ ပေါင်းမြက်များ၊ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စား စက်မှုဇုန်အတွင်းရှိ Maple Win Naypyitaw Co.,Ltd အထည်ချုပ်စက်ရုံသို့ သွားရောက်၍ အထည်ချုပ်လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက ထုတ်လုပ်နေမှုနှင့် ဖြန့်ဖြူးရောင်းချနေမှုများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် Super Technology Co.,Ltd ပိုက်နှင့် ပိုက်ဆက်ပစ္စည်းစက်ရုံသို့ သွားရောက်၍ လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက ထုတ်လုပ်နေမှုနှင့် ဖြန့်ဖြူးရောင်းချနေမှုများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်ဝန်က လုပ်ငန်းများ သွက်လက်မြန်ဆန်ပြီး အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များဖြစ်အောင် ဆောင်ရွက်စေလိုကြောင်း၊ ကုန်ထုတ်လုပ်မှုစွမ်းအားများ မြင့်မားရေးကို ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။


ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပျဉ်းမနား-တောင်ညိုလမ်းနှင့် ပြည်ကြီးဥသျှောင်လမ်းဆုံရှိ မင်္ဂလာကန်အမှတ်(၂)အနီးတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကန်ဘောင် မြေယာရှုခင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ပန်းအလှပင်များ စိုက်ပျိုးခြင်းလုပ်ငန်းများ၊ နေပြည်တော်(ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံးကြီး အဝင်လမ်းဝဲယာတွင် ပတ်ဝန်းကျင်သန်ရှင်သာယာရေး၊ ချုံနွယ်များ၊ ပေါင်းမြက်များ၊ သစ်ပင်များ အလင်းဖွင့်ခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် သန့်ရှင်းရေးဆောင်ရွက်နေမှုများ၊ ပန်းအလှပင်များနှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးရန်ပြင်ဆင်နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ စီမံကိန်းရုံး ဧည့်ရိပ်သာ အတွင်းအပြင် သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများ အား မှာကြားခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)