အစ္စရေးက ဓားစာခံများ ပြန်လည်လွတ်မြောက်ရေး ဆွေးနွေးနေချိန်မှာတောင် အပစ်အခတ်ရပ်စဲရေးကို လက်မခံဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစ္စရေးက ဓားစာခံများ ပြန်လည်လွတ်မြောက်ရေး ဆွေးနွေးနေချိန်မှာတောင် အပစ်အခတ်ရပ်စဲရေးကို လက်မခံဟုဆို



နယူးယောက်၊ အောက်တိုဘာ ၂၃

ဂါဇာကမ်းမြှောင်တွင် ထိန်းသိမ်းခံထားရသော ဓားစာခံများကို လွှတ်ပေးရေး ဆွေးနွေးပွဲများတွင်ပင် အစ္စရေးသည် အပစ်အခတ်ရပ်စဲရေးကို သဘောတူမည်မဟုတ်ကြောင်း CNN က အစ္စရေး အကြီးတန်းအရာရှိတစ်ဦးကို ကိုးကား၍ ဖော်ပြထားသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများသည် “ဟားမတ်စ်များကို ဖြိုခွင်းရေးမစ်ရှင်” ကို မထိခိုက်စေနိုင်သောကြောင့် ဓားစာခံ ၂၀၀ ကျော်ကို လွှတ်ပေးရန် ဆွေးနွေးပွဲအတွင်း၌ပင် အပစ်အခတ်ရပ်စဲရေးကို ထည့်သွင်းစဉ်းစားခြင်းမရှိပေ။

ဂါဇာကမ်းမြောင်သို့ အစ္စရေး၏ မြေပြင်ကျူးကျော်မှုကို အမေရိကန်က နှောင့်နှေးရန် ကြိုးပမ်းနေကြောင်းလည်း ၎င်းက ငြင်းဆိုခဲ့သည်။ "ဒီအစီရင်ခံစာကို ကျွန်တော်တို့ ငြင်းဆိုပါတယ်။ ကျွန်တော်တို့မှာ အမေရိကန် အစိုးရနဲ့ အနီးကပ် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ မြေပြင်စစ်ဆင်ရေးနဲ့ ပတ်သက်လို့ အမေရိကန်က အစ္စရေးကို ဖိအားပေးနေတာ မဟုတ်ပါဘူး" ဟု အရာရှိက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြှောင်တွင် မြေပြင်ထိုးစစ်ကို ရွှေ့ဆိုင်းရန်နှင့် ထိုနေရာတွင် ထိန်းသိမ်းထားသည့် ဓားစာခံများကို လွတ်မြောက်ရန် ဝါရှင်တန်က အစ္စရေးအား ဖိအားပေးခဲ့ကြောင်း အစောပိုင်းတွင် CNN သတင်းဌာနက ဖော်ပြခဲ့သည်။

အစောပိုင်းတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ဂါဇာကမ်းမြောင်ဒေသတွင် မြေပြင်ထိုးစစ်ကို အစ္စရေးက လွတ်လပ်စွာ ဆုံးဖြတ်ချက်ချသင့်ကြောင်း NBC သို့ ပြောကြားခဲ့သည်။


Ref - Tass

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)