မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ပဲခူးမြို့ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် စားသောက်ဖွယ်ရာများလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ပဲခူးမြို့ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် စားသောက်ဖွယ်ရာများလှူဒါန်း








MNP ၊ အောက်တိုဘာ ၁၂

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာဒေါ်သက်သက်ဇင်သည် အောက်တိုဘာလ (၁၂)ရက်နေ့ နံနက်ပိုင်းက ဒုတိယဥက္ကဌ(၁)ဒေါ်တင်တင်လတ်၊ အတွင်းရေးမှူးဒေါ်မြတ်မြတ်ဦး၊ စည်းကမ်းထိန်းသိမ်းရေးဌာနကြီးမှူးဒေါ်သင်းမျိုးမျိုးအောင်တို့နှင့်အတူ ပဲခူးမြို့ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်းပေးကြ ကြောင်းသိရသည်။

ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဌဒေါက်တာဒေါ်သက်သက်ဇင်နှင့် အဖွဲ့ဝင်များသည် ပဲခူးတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ များနှင့်အတူ ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဖွင့်လှစ်ထားရှိသည့် သဘာဘေးကွပ်ကဲမှုရုံးသို့သွားရောက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပဲခူးမြို့ရေဘေးသင့်ပြည်သူများအတွက် တာဝန်ရှိသူများထံ အလှူငွေ(၃၁၉၅၀၀)ကျပ်နှင့် စားသောက်ဖွယ်ရာများလှူဒါန်းပေးရာ ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ကြသည်။

ထို့နောက် ဖောင်တော်ဦးရပ်ကွက်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးရေဘေးကယ်ဆယ်ရေးစခန်းသို့သွားရောက်ပြီး ရေဘေးသင့်ပြည်သူ(၁၅၃၃)ဦးအတွက် အာဟာရထမင်းဗူးများ၊ မုန့်မျိုးစုံ၊ အအေးပုလင်း၊ သောက်ရေသန့်နှင့် ခေါက်ဆွဲခြောက်များကိုဝေငှပေးပြီး ရွှေဘုန်းပွင့်ကျောင်းဆရာတော်အားဖူးမြော်ကန်တော့ကာ နဝကမ္မနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာဒေါ်သက်သက်ဇင်နှင့် အဖွဲ့ဝင်များသည် ပဲခူးတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များအတူ ရပ်ကွက်အတွင်း ရေနှစ်မြှုပ့်နေသည့် နေအိမ်များသို့ လှေများဖြင့် သွားရောက်ပြီး အာဟာရထမင်းဗူးများ၊ မုန့်မျိုးစုံ၊ အအေးပုလင်း၊ သောက်ရေသန့်နှင့် ခေါက်ဆွဲခြောက်များကိုဝေငှပေးခဲ့ကြကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)