ပေါက်ခေါင်းမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ



MNP ၊ အောက်တိုဘာ  ၅

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ပေါက်ခေါင်းမြို့ အ.ထ.က (ပေါက်ခေါင်း) ရွှေရတုခန်းမတွင် ယနေ့နံနက် ၁၀ နာရီကကျင်းပခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသက် ၇၀ နှစ်နှင့် အထက်အပူဇော်ခံဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။


ရှေးဦးစွာ ဆရာ၊ ဆရာမများက "မြတ်ဆရာ" သီချင်းဖြင့်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်သဝဏ်လွှာကို ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဖြိုးသူမောင်ကဖတ်ကြားပြီး၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ ၅ ဖွဲ့၏ ခေါင်းဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးလှိုင်မင်းထွဋ်က ဖတ်ကြားခဲ့သည်။ ဆက်လက်၍ အသက် ၇၀ နှစ်နှင့်အထက်ဆရာကြီး၊ ဆရာမကြီးများအား တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများက လက်ဆယ်ဖြာထိပ်မှာမိုး၍ ရှိခိုးကန်တော့ကြပြီး၊ ဆရာကြီး၊ ဆရာမကြီးနှင့်အတူ တက်ရောက်လာသူများမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။


သန်းထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)