တောင်ကုတ်မြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်မြတ်ဆရာပူဇော်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်မြတ်ဆရာပူဇော်ပွဲအခမ်းအနားကျင်းပ




MNP ၊ အောက်တိုဘာ  ၅

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့တွင်ကမ္ဘာ့ဆရာများအနေ့အထိမ်းအမှတ် မြတ်ဆရာ ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း ၊ ပညာရတနာခန်းမ၌ ကျင်းပသည်။


ရှေ့ဦးစွာ မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းတင် က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်  သတိုးမဟာသရေစည်သူ ၊ သတိုးသီဟသုဓမ္မ  မင်းအောင်လှိုင် ထံမှ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားသို့ ပေးပို့ သည့် သဝဏ်လွှာအား ဖတ်ကြားပြီးနောက် အငြိမ်းစား ဆရာကြီး ၊ ဆရာမကြီးများအား ကန်တော့ကြကာ လက်ဆောင်များပေးအပ်ကြသည်။ထို့နောက် ပူဇော်ခံဆရာကြီး ၊ ဆရာမကြီးများကိုယ်စား အငြိမ်းစား ဆရာကြီး ဦးစံဆင့် နှင့် လက်ထောက်ပြည်နယ်ပညာရေးမှူး အငြိမ်းစား ဆရာမကြီး ဒေါ်ခင်ရီ တို့က ဩဝါဒ စကားများပြောကြားခဲ့သည်။


အခမ်းအနားသို့ အသက်(၇၀)နှင့်အထက်အပူဇော်ခံ အငြိမ်းစားဆရာကြီး ၊ ဆရာမကြီး(၉၀)ဦးနှင့် ဆရာ ၊ ဆရာမများ စုစုပေါင်း(၂၅၀)ဦးတက်ရောက်ခဲ့ကြကြောင်း မြို့နယ်လုံးဆိုင်ရာ မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီ ထံမှသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)