MNP ၊ အောက်တိုဘာ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ပေါင်ပုတ်၊ လက်ပုတ်ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျွန်းဦးကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
"ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပေါင်ပုတ်၊ လက်ပုတ်ရောဂါဟာ ကျွဲ၊ နွားတွေမှာ ဖြစ်ပွားလေ့ရှိတဲ့အတွက် လယ်ယာလုပ်ငန်းခွင်ကို ထိခိုက်စေတဲ့အတွက် မြို့နယ်အတွင်း ကျေးရွာတွေမှာရှိတဲ့ ကျွဲ၊ နွား များကို ပေါင်ပုတ်၊ လက်ပုတ်ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကျွန်းဦးကျေးရွာအုပ်စုအတွင်းရှိ ကျွဲ၊ နွားများကို ပေါင်ပုတ်၊ လက်ပုတ်ရောဂါကွာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း" မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ
https://t.me/MyanmarNationalPost
No comments:
Post a Comment