လွိုင်လင်မြို့နယ် ၊ ဟွေတွေကျေးရွာတွင် Snack&Bakery အမျိးမျိုး ထုတ်လုပ်မှုနည်းပညာ(မွမ်းမံ)သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့နယ် ၊ ဟွေတွေကျေးရွာတွင် Snack&Bakery အမျိးမျိုး ထုတ်လုပ်မှုနည်းပညာ(မွမ်းမံ)သင်တန်းဆင်းပွဲ ကျင်းပ



MNP ၊ အောက်တိုဘာ  ၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ဟွေတွေကျေးရွာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်မှုလုပ်ငန်းများ ‌ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းမှ ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးရေး Snack & Bakery အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အဆိုပါကျေးရွာခန်းမတွင် သင်တန်းဆင်းပွဲကျင်းပပြုလုပ်ပါသည်။


ရှေးဦးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက သင်တန်းဆင်းအမှာစကားပြောကြားသည်။ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်သိန်းက သင်တန်းနှင့်ပတိသက်၍ သင်တန်းမှရရှိမည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားပါသည်။ ယင်းနောက် ပြည်နယ်ဦးစီးမှူး နှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲအောင်အောင်တို့က သင်တန်းအ‌ချောထည်ပစ္စည်းအပ်ရာ သင်တန်းသားများက လက်ခံရယူကာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းသားများပြုလုပ်ထားသည့် Pizza , Roll Cake , Sponge Cake , ဒိုးနပ် ၊ ကိတ်ခြောက် ၊ နက်ကထိုင် ၊ ကွတ်ကီး ၊ လျှာပေါ်ဝဲ ၊ စာကလေးခွေ ၊ အာလူးကြော်စသည့်ပစ္စည်းများကို ကြည့်ရှု့အားပေးပြီး သင်တန်းသားများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ သင်တန်းဆင်းပွဲကို ရုတ်သိမ်းလိုက်သည်။


အဆိုပါသင်တန်းတွင် သင်သားတန်း / သူ ၁၁ ဦး တက်ရောက်ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)