တာလေမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်လမ်းခင်းနေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာလေမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်လမ်းခင်းနေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


MNP ၊ အောက်တိုဘာ  ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ မြို့စည်ပင်သာယာရေးဉီးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်လမ်းများအား အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)မှ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဉီးစိုးသန်းနှင့် အဖွဲ့သည် တာလေမြို့ စည်ပင်သာယာရေးဉီးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဒုတိယသုံးလပတ်တွင် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၆ ဒသမ ၁၈၅ သန်းဖြင့် အရှည် ၁၂၀ ပေ၊ အကျယ် ၁၂ ပေနှင့် ထု ၆ လက်မရှိ အမှတ်(၁)ရပ်ကွက်၊ ၁/၇လမ်း ကွန်ကရစ်ခင်းခြင်း၊ ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၅ သန်းဖြင့် အရှည် ၁၁၃ ပေ၊ အကျယ် ၁၀ ပေနှင့် ထု ၆ လက်မရှိ မခေရွာတွင်း ကွန်ကရစ်ခင်းခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ တတိယသုံးလပတ်တွင် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြု ငွေကျပ် ၅ ဒဿမ ၃၀ သန်းဖြင့် အရှည် ၁၂၀ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မရှိ လုတောင်းမိုင်ရွာတွင်းလမ်း ကွန်ကရစ်ခင်းနေမှု၊ ပြည်နယ်ငွေလုံးငွေကျပ်ခွင့်ပြုရန်ပုံငွေကျပ် ၄ ဒဿမ ၄၂ သန်းဖြင့်  အရှည် ၁၀၀ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မရှိ ဝမ်ဟရွာတွင်းလမ်း ကွန်ကရစ်ခင်းနေမှုနှင့် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၇ ဒဿမ ၀၇၁ သန်းဖြင့်  အရှည် ၁၆၀ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မရှိ အမှတ်(၂)ရပ်ကွက်၊ ၂/၉ လမ်း ကွန်ကရစ်ခင်းနေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာလေမြို့စည်ပင်သာယာရေးဌာနမှ မြို့ဉီးစီးမှူး ဉီးမနားရွှီနှင့် တာဝန်ခံအင်ဂျင်နီယာ ဒေါ်ယွန်းမှီမှီတို့က လိုက်လံရှင်းလင်းပြသပေးခဲ့ပြီး ဒုတိယအင်ဂျင်နီယာမှူးကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ယဉ်ယဉ်ဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)