KIA, KNU ရဲ့ အကြမ်းဖက်လှုပ်ရှားမှုက ဘယ်ဆီကို ဦးတည်နေသလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KIA, KNU ရဲ့ အကြမ်းဖက်လှုပ်ရှားမှုက ဘယ်ဆီကို ဦးတည်နေသလဲ


ဒီကာလဟာ ဆရာတော်သံဃာတော်များ၊ ဗုဒ္ဓဘာသာဝင် ပြည်သူများ သိရှိနားလည် သဘောပေါက်သင့်တဲ့ အခြေအနေကို ရောက်နေပါပြီ။ ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့များနဲ့ လက်တွဲပြီး အကြမ်းဖက်လှုပ်ရှားမှုတွေကို ဦးဆောင်နေတဲ့ KIA, KNU အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေ ပြန်လည်သုံးသပ်ကြည့်ရင် ဘာသာရေးပဋိပက္ခ ဖန်တီးနေခြင်းဖြစ်တယ်ဆိုတာ သိသာထင်ရှားလွန်းတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။

CRPH, NUG အကြမ်းဖက်အဖွဲ့ရဲ့ သြဇာခံ PDF အကြမ်းဖက်သမားတွေကို အဓိက အကြမ်းဖက်သင်တန်းပေးနေတာ KIA, KNU အဖွဲ့တွေပဲ ဖြစ်ပါတယ်။

ပြည်ပြေး ဝရမ်းပြေး CRPH, NUG နဲ့ လက်တွဲပြီး နောက်ပိုင်းမှာမှ သူတို့ရဲ့ ဘာသာရေးအစွန်းရောက် စိတ်ဓာတ်က ပေါ်လာတာတော့ မဟုတ်ပါဘူး။ ဒီကာလမှာ ပိုပြီး သိသာထင်ရှားလာခြင်းဖြစ်ပါတယ်။ KNU ထဲက ဘာသာရေးအစွန်းရောက်တွေနဲ့ ကိုယ်တိုင် တွေ့ဆုံခဲ့ဖူးတယ်။ လက်ကမျဉ်းပြီး ပစ်ခတ်တာမျိုး လုပ်တဲ့အခါမှာ ဘုရားစေတီတွေ၊ ဘုန်းကြီးကျောင်းတွေကို လက်တည့်စမ်းပြီး ပစ်ကြည့်တယ်လို့ KNU ထဲက ပုဂ္ဂိုလ်တစ်ဦးက ပြောခဲ့ဖူးပါတယ်။

ယခုအခါမှာတော့ ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များကလည်း သံဃာတော်များက သူတို့ရဲ့ အကြမ်းဖက်လှုပ်ရှားမှုကို အားပေးဝန်းရံခြင်းမရှိလို့ ထေရ်ကြီးဝါကြီး သံဃာတော်များပါမကျန် စော်ကားပြောဆိုပြီး နီပိန်းလေးတွေကို မှိုင်းတိုက်နေချိန်မှာ KIA, KNU အတွက် ဗုဒ္ဓဘာသာအပေါ် ပစ်မှတ်ထားတိုက်ခိုက်ဖို့ အခွင့်ကောင်း ရစေပါတယ်။

ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်လှုံ့ဆော်သူတွေရဲ့ မှိုင်းမိနေတဲ့ PDF တွေဟာ (ဗမာတွေ၊ ဗုဒ္ဓဘာသာတွေ) လို့ ပြောရင်လည်း မှန်ပါတယ်။ သို့သော် ဘာသာရေးအသိ မရှိလို့  (အမျိုးသားရေးအသိမရှိလို့) အကြမ်းဖက်သမားတွေ ဖြစ်ကုန်ကြတာ။ ဆင်ခြင်တုံတရားမရှိလို့ အကြမ်းဖက်သမားတွေ ဖြစ်နေကြတာဆိုတော့ KIA က ဘုန်းကြီးကို သတ်ဆိုရင်လည်း PDF က သတ်မှာပဲ။ KNU က ဘုန်းကြီးကျောင်းတွေကို ပစ်လို့ ပြောရင်လည်း လူ့ငနွား PDF တွေက ပစ်မှာပဲ။

KNU က PDF ကို ဦးဆောင်ပြီး အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်။ တချို့သော သတ်ဖြတ်မှု ဖြစ်စဉ်တွေမှာ ကရင်အချင်းချင်း သတ်တာမျိုးတွေလည်း မြင်တွေ့ရလိမ့်မယ်။ အဲဒါ အပေါ်ယံ အမြင်ပဲ။ KNU က ခရစ်ယာန်ကရင် ကို မသတ်ဘူး။ ဗုဒ္ဓဘာသာ ကရင်ကို ရွေးသတ်တာ။ ရည်ရွယ်ချက်ရှိပါတယ်။ သူတို့မှာ ပစ်မှတ်ရှိပါတယ်။ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူများက ဘာသာရေးအဓိကရုဏ်းဖြစ်အောင် စတင်ဖန်တီးခဲ့တယ်ဆိုတဲ့ မှတ်တမ်း မရှိပါဘူး။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့သမျှ ဘာသာရေးပဋိပက္ခတွေမှာ မွတ်စလင်တွေက ဗုဒ္ဓဘာသာကို ပစ်မှတ်ထားပြီး ပဋိပက္ခဖန်တီးတယ်။ ခရစ်ယာန်တွေကို ဗုဒ္ဓဘာသာကို ပစ်မှတ်ထားပြီး ပဋိပက္ခဖန်တီးတယ်။ ယနေ့လို ကာလမျိုးမှာတော့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ CRPH, NUG အကြမ်းဖက်အဖွဲ့ကို ဦးဆောင်သူများဟာ မွတ်စလင်အဖွဲ့အစည်းများထံကလည်း အထောက်အပံ့ယူတယ်။ ခရစ်ယာန်အဖွဲ့အစည်းများထံကလည်း အထောက်အပံ့ယူတယ်။ KIA, KNU က ပြည်ပြေး ဝရမ်းပြေး NUG နဲ့ လက်တွဲဆောင်ရွက်နေခြင်းရဲ့ နောက်ကွယ်မှာ ဘာသာရေးစနက်တွေ ပါတယ်ဆိုတာ သိသာစေပါတယ်။

ယနေ့နံနက် ၇ နာရီ ၃၀ မိနစ် အချိန်ခန့်က မြဝတီမြို၊ အမှတ်(၄)ရပ်ကွက်၊ ပန်းခြံ(၃)လမ်းရှိ နေအိမ်အတွင်း ဗုဒ္ဓဘာသာ ကရင်အမျိုးသား(၁)ဦးနှင့် အမျိုးသမီး (၁)ဦးတိုကို အကြမ်းဖက် KNU/PDFအဖွဲ့တွေက သတ်ဖြတ်သွားတဲ့ လုပ်ရပ်ကတော့ ပူပူနွေးနွေးဖြစ်စဉ်ပါပဲ။

ကရင်အချင်းချင်း သတ်တာလို့ အပေါ်ယံလောက်သာ မမြင်ပါနဲ့။ ကရင်လက်နက်ကိုင် အဖွဲ့အစည်းဟာ အစောပိုင်းက KNU ဆိုတဲ့ တစ်ဖွဲ့တည်းပါ။ KNU အဖွဲ့ကို ဦးဆောင်သူများမှာ ခရစ်ယာန်ဘာသာကို အလေးထားပြီး ဗုဒ္ဓဘာသာတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတဲ့အတွက် DKBA ဆိုတာ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ 

KNU က PDF ကို ဦးဆောင်ပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ခဲ့ရာမှာ -

ပြီးခဲ့တဲ့နှစ်ကလည်း ကျိုက်ထီးရိုးဘုရားလာဖူးတဲ့ သူတွေကို ဘုရားလားမဖူးရဲအောင် သေနတ်နဲ့လိုက်လံပစ်ခတ် သတ်ဖြတ်ခဲ့လို ပြည်သူတွေသေဆုံးခဲ့ရတယ်။ ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းမှာရှိတဲ့ တံတားတွေကိုလည်း ဗုဒ္ဓဘာသာဘုရားဖူးများ သွားလာလို့မရအောင် မိုင်းခွဲဖျက်စီးခြင်းများ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပါတယ်။ ပိုဆိုးတာက ကျိုက်ထီးရိုးတောင်တော်ပေါ်မှ အလှူခံငွေတွေအားလုံးကိုလည်း သေနတ်ဝယ်ဖိုဆိုပြီး သိန်းပေါင်းရာနှင့်ချီကာ ဓါးပြတိုက် ရယူသွားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ PDF ကို ဦးဆောင်နေတဲ့ KIA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်တွေကို ပြန်ကြည့်မယ်ဆိုရင်လည်း  စစ်ကိုင်းတိုင်းအတွင်းမှာ သံဃာတော်တွေ အမြောက်အများ သတ်ဖြတ်ခံခဲ့ရတယ်။ KIA/PDF က သံဃာတော်တွေ ဘုန်းကြီးကျောင်းမှာ မနေနိုင်အောင် ခြိမ်းခြောက်စာ ပို့တယ်။ ဆက်လက်နေထိုင်တဲ့ သံဃာတော်တွေကို ဖမ်းဆီး သတ်ဖြတ်တယ်။ ဘုန်းတော်ကြီးကျောင်းတွေကို သူတို့ရဲ့ အကြမ်းဖက်စခန်းအဖြစ် လက်နက်တွေ သိုဝှက်ထားတာမျိုး လုပ်ဆောင်ခဲ့ကြတယ်။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် အများစုရှိပေမယ့် ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းကို ဖျက်ဆီးချင်တဲ့ ပြည်ပနိုင်ငံများက လူနည်းစုအခွင့်အရေးကို ရှေ့တန်းတင်ပြောဆိုလာကြတယ်။ နိုင်ငံရေးလုပ်စားသူ NLD, ၈၈ တွေကို မွေးစားပြီး ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ ဝေဖန် ပုတ်ခတ် စော်ကားကြတယ်။ 

တပြိုင်နက်ထဲမှာပဲ ဘာသာရေးအစွန်းရောက် ဓာတ်ခံရှိတဲ့ KIA, KNU နဲ့ ပေါင်းစည်းပေးပြီး တစ်ခုတည်းသော ပစ်မှတ် ဗုဒ္ဓဘာသာကို ဝိုင်းဝန်းထိုးနှက် တိုက်ခိုက်နေချိန်မှာ အသိ၊ သတိနဲ့ နေထိုင်ကြဖို့ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူ ညီအစ်ကိုမောင်နှမအားလုံးကို အလေးထား ပန်ကြားအပ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)