ပဲခူးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သော ငါးမွေးမြူရေးကန်များ ငါးထုတ်လုပ်မှုတိုးတက်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သော ငါးမွေးမြူရေးကန်များ ငါးထုတ်လုပ်မှုတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်



MNP ၊ အောက်တိုဘာ  ၁၆

ပဲခူးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှူး၏ လမ်းညွှန်ချက်ဖြင့် ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဇော်မြင့်နိုင်သည် ယနေ့ နံနက်ပိုင်းက ပဲခူးခရိုင်၊ ဝေါမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးများနှင့်အတူ ပဲခူးမြို့နယ်အတွင်းရေကြီးနစ်မြုပ်ခဲ့သော ငါးမွေးမြူရေးကန်များ ငါးထုတ်လုပ်မှုတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ကြသည်။


ရှေးဦးစွာ ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့်အဖွဲ့သည် ကလိကျေးရွာအုပ်စုရှိ ဥဿာစိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ်သမဝါယမအသင်းလီမိတက်သို့သွားရောက် ငါးမွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ငါးထုတ်လုပ်မှုတိုးတက်ရေးအတွက် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့မှုအပေါ် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးမှူးနှင့်အဖွဲ့သည် ကလိ၊ မယင်း၊ ကွေ့တန်းရှည်၊ အင်းတကော်ကျေးရွာအုပ်စုများအတွင်းရှိ ငါးမွေးကန်များသို့သွားရောက်၍ ငါးမွေးကန်များရေနှစ်မြုပ်ခဲ့မှုအပေါ်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ငါးမွေးမြူရေးလုပ်ငန်းရှင်များအား အယ်နီညိုနှင့်ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့နိုင်မည့်အခြေအနေများ၊ ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ကာကွယ်ခြင်း၊ အယ်နီညိုဖြစ်ပွားနေချိန်တွင် လုက်ငန်းများဆောင်ရွက်ခြင်း၊ အယ်နီညိုဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းများနှင့်ပတ်သက်၍ ပညာပေးဟောပြောခဲ့ပြီး အယ်နီညိုနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြသည်။


ပဲခူးမြို့နယ်အတွင်း၌ ငါးမွေးမြူရေကန်(၃၀၀၈.၄၉)ဧကရှိရာ ရေကြီးနစ်မြုပ်ခဲ့သည့် ငါးမွေးမြူရေးကန်ဧကမှာ(၂၂၂၁.၁၁)ဧကရှိကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)