ဂါဇာကမ်းမြောင်ဒေသတွင် အောက်တိုဘာ ၇ ရက်မှစ၍ သေဆုံးသူ ၈၃၀၀ ကျော်အထိ မြင့်တက်လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂါဇာကမ်းမြောင်ဒေသတွင် အောက်တိုဘာ ၇ ရက်မှစ၍ သေဆုံးသူ ၈၃၀၀ ကျော်အထိ မြင့်တက်လာ


ကိုင်ရို၊ အောက်တိုဘာ ၃၀

ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကား၍ အောက်တိုဘာ ၇ ရက်မှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် သေဆုံးသူ အရေအတွက်သည် ၈၃၀၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း Al Jazeera ရုပ်မြင်သံကြားလိုင်းက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏အဆိုအရ အဆိုပါကိန်းဂဏန်းတွင် ကလေး ၃၄၅၇ ဦးနှင့် အမျိုးသမီး ၂,၁၃၆ ဦး ပါဝင်သည်။ လူပေါင်း၂၁,၀၄၈ ဦး ဒဏ်ရာရရှိခဲ့သည်။

ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ဆေးဘက်ဆိုင်ရာ အဆောက်အအုံ ၂၅ ခု ပျက်ဆီးသွားကြောင်း သိရသည်။

ဂါဇာကမ်းမြှောင်မှ ဟားမတ်စ် စစ်သွေးကြွများက အစ္စရေးပိုင်နက်ကို တိုက်ခိုက်ပြီးနောက် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်။ အစ္စရေးက ဂါဇာကမ်းမြှောင်ကို လုံးဝပိတ်ဆို့ထားကြောင်း ကြေညာပြီး လက်ဘနွန်နှင့် ဆီးရီးယားရှိ အချို့နေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အနောက်ဘက်ကမ်းတွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂါရီက မြေပြင်တပ်များသည် ဂါဇာကမ်းမြှောင်တွင် စစ်ဆင်ရေးများ တိုးချဲ့လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။


Ref - TASS

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)