ပြည်သူ့ရင်ပြင် သီတင်းကျွတ်ဈေးရောင်းပွဲတော် လာရောက်လည်ပတ် ဈေးဝယ်သူများဖြင့် စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့ရင်ပြင် သီတင်းကျွတ်ဈေးရောင်းပွဲတော် လာရောက်လည်ပတ် ဈေးဝယ်သူများဖြင့် စည်ကား




MNP ၊ အောက်တိုဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၏ “၂၀၂၃ ခုနှစ် စက်မှုထုတ်ကုန် နှင့် ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ် ဈေးရောင်းပွဲတော်” တွင် ယနေ့နံနက်ပိုင်းက လာရောက်  လည်ပတ်ဈေးဝယ်သူများဖြင့် စည်ကားလျက်ရှိသည်။

ဈေးရောင်းပွဲတော် ဈေးဆိုင်ခန်းများသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ လှည့်လည် ကြည့်ရူအားပေးကြပြီး၊ ဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များက လုပ်ငန်းရှင်များ၏ အရောင်းဆိုင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းရှင်များ၏ အရောင်းဆိုင်များတွင် ဈေးဝယ်သူများဖြင့် စည်ကားလျက်ရှိသည်။

ဈေးရောင်းပွဲတော်သို့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ Phoenix Global Observer Missiom အဖွဲ့၏ The TV host of Globalin Insights အဆင့်ရှိ Ms Liu Jine ခေါင်းဆောင်သော အဖွဲ့က လာရောက်လည်ပတ်စဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် အားတွေ့ဆုံ၍ ရန်ကုန်သို့လာ ရောက်လည်ပတ်သည့် အချိန် နှင့် ကြုံကြိုက်နေ၍ ပွဲတော်သို့ လာရောက်လည်ပတ်ခြင်း ဖြစ်ပါကြောင်း၊ ယခုကျင်းပသည့် ပွဲတော်တွင် အံ့ဩဖွယ်လူစည်ကားစွာ တွေ့ရကြောင်း၊ တွေ့ရ သူတိုင်းတွင် စိုးရိမ်ပူပန်မှုမရှိဘဲ အေးချမ်းပျော်ရွှင်စွာ သွားလာနေကြသည်ကို တွေ့ရကြောင်း၊ မိမိတို့ကြားသိရသည့် အခြေ အနေများနှင့် များစွာကွဲပြား ခြားနားနေကြောင်း၊ ပွဲတော်အတွင်း တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများနှင့်  တွေ့ဆုံခွင့်ရ၍လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ ယခုပွဲတော်အတွင်း လည်ပတ်ပြီးလျှင် ရွှေတိဂုံစေတီ တော်မြတ်ကြီးကို သွားရောက် ဖူးမြော်မည်ဖြစ်ကြောင်း ပြောကြားသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် က ယခုကဲ့သို့ ရန်ကုန်ရောက် ခိုက်ပွဲတော်သို့ လာရောက် လည်ပတ်ခြင်းကိုများစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး ပွဲတော်ကျင်းပမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် Ms Liu Jine ခေါင်းဆောင်သောအဖွဲ့ကို  စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင် တို့က လက်ဆောင်များပေးအပ်၍ အမှတ်တရဓာတ်ပုံရိုက်ကူး ကြသည်။

ပွဲတော်ရက်အတွင်း လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးအား အလှမီးမျိုးစုံများဖြင့်လည်းကောင်း၊ မြို့နယ်ရှစ် မြို့နယ်ကပုံစံမျိုးစုံဖြင့် အလှဆင်ထားရှိပြီး ပူဇော်ကန်တော့ရန် ပြုလုပ်ထားသည့် ပန်းခင်းများတွင်လည်းကောင်း ပြည်သူများက မိသားစုလိုက် လူငယ်များက အဖွဲ့လိုက်နှင့် တစ်ဦးချင်းအလှ ဓာတ်ပုံများရိုက်ကူး၍ ပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲလျှက်ရှိကြသည်။

ပြည်သူများအနေဖြင့် စိတ်လက်ပေါ့ပါးပျော်ရွှင်စွာ အလှပန်းခင်းများနှင့်အတူ မီးထွန်းပွဲကို ကြည့်ရှုခံစားရင်း ထုတ်ကုန်ပစ္စည်းများကို ဈေးနှုန်း ချိုသာစွာဝယ်ယူနိုင်ရန်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ရောင်းချပေးလျှက်ရှိ သည့် ဆန်၊ ဆီ၊ စားသောက်ကုန်များကို လာရောက်ဝယ်ယူ အားပေးနိုင်ကြောင်း သိရသည်။


ဆန်းကျော်ဦး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)