MNP ၊ အောက်တိုဘာ ၂၅
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးရဲတင့်သည် အောက်တိုဘာလ(၂၅)ရက်နေ့ နံနက်(၈)နာရီ (၄၀)မိနစ်အချိန်က မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဓနုဖြူမြို့နယ်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးရဲတင့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများအား ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားရန်၊ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် နေရာများအား Mobile Library စနစ်ဖြင့် စာအုပ်များသွားရောက်ငှားရမ်းပေးရန်၊ လူငယ်အသိပညာပေးလုပ်ငန်းများအား မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ ရိုးရာယဥ်ကျေးမှုဓလေ့များအား မပျောက်ပျက်အောင် ထိန်းသိမ်းသွားရန်၊ MSME လုပ်ငန်းများအား သတင်းဖော်ပြပေးနိုင်ရေး ဆောင်ရွက်သွားရန်၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကျင့်ဝတ်စည်းကမ်းများနှင့် လျှော်ညီစွာနေထိုင်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး၊ ဝန်ထမ်းများ၏တင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဓနုဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment