ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် မြေအောက်ရေ အသုံးပြုစိုက်ပျိုးသည့် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် မြေအောက်ရေ အသုံးပြုစိုက်ပျိုးသည့် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ




MNP ၊ အောက်တိုဘာ ၂၅

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် ကျေးလက်နေပြည်သူများက လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခုနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် မြေအောက်ရေ အသုံးပြု၍ မိုးစပါးသီးနှံများ အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ထားရှိရာ စိုက်ပျိုးရေ ဖူလုံစွာရရှိ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


အဆိုပါကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းချေးငွေဖြင့် မိုးစပါးသီးနှံစိုက်ပျိုးခြင်းကို ဒေသခံ တောင်သူ(၄)ဦး စုပေါင်းပြီး စီမံကိန်းချေးငွေကျပ် ၈၂၅၀၀၀၀ ဖြင့် မြေအောက်အနက်ပေ ၅၀၀ ရှိ လေးလက်မခွဲ စက်ရေတွင်းတူးဖော်ပြီး 2050 w Solar ပြားများ တပ်ဆင်၍ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်း ဖော်ဆောင်လုပ်ကိုင်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်း Solar ရေတင်စနစ် အသုံးပြု ဆောင်ရွက်သည့် စက်ရေတွင်းမှာ တစ်နာရီလျှင် စိုက်ပျိုးရေဂါလန် ၁၅၀၀ ခန့် ထွက်ရှိ၍ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေ ဖူလုံစွာရရှိကာ (နွေ ၊ မိုး ၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်နိုင်မည်ဖြစ်သည်။ ယခုလက်ရှိတွင် စီမံကိန်းချေးငွေ အစီအစဉ်ဖြင့် မြေအောက်ရေ အသုံးပြု၍ Solar ရေတင်စနစ်ဖြင့် မိုးစပါးစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း အဆိုပါ ရေပုတ်ကြီးကျေးရွာရှိ ဒေသခံတောင်သူများထံက သိရသည်။  


ယခင်က ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာရှိ ဒေသခံတောင်သူများမှာ ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးရေ ရယူသုံးစွဲနိုင်ခြင်း မရှိသည့်အတွက် မိုးကောင်းသောက် စိုက်ပျိုးရေးနည်းလမ်းဖြင့်သာ စိုက်ပျိုးရေးကို အားထားလုပ်ကိုင်ကြပြီး ယခုနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းချေးငွေ အစီအစဉ်ဖြင့် မြေအောက်ရေအသုံးပြု စိုက်ပျိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လုပ်ကိုင်နိုင်ပြီဖြစ်၍ (နွေ ၊ မိုး ၊ ဆောင်း) ရာသီအလိုက် သီးနှံများစိုက်ပျိုးလုပ်ကိုင် နိုင်တော့မည်ဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း အဆိုပါ ကျေးရွာမှ ဒေသခံတောင်သူ ဦးလူမင်းဟန် က ပြောသည်။   


လှိုင်ဝင်းလေး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)