MNP ၊ အောက်တိုဘာ ၉
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ မိတ္ထီလာ-တောင်ကြီး၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၉၇/၅)နှင့် (၉၇/၆)ကြား၊ ဘဝသံသရာတံတားအနီးတွင် မန္တလေးမှ တောင်ကြီးသို့ မောင်းနှင်လာသော CANTAR အမျိုးအစား(အဖြူရောင်) ၆ ဘီးယာဉ်သည် ယမန်နေ့ နေ့လည်(၁ ၀၀)နာရီခန့်တွင် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပေါ်ခဲ့ပြီး ယာဉ်မောင်း ဒဏ်ရာရရှိခဲ့သည်။
အချင်းဖြစ်ရာသို့ ဟဲဟိုးနယ်မြေမီးသတ်စခန်း၊ ရွှေညောင်နယ်မြေမီးသတ်စခန်းနှင့် အောင်ပန်းနယ်မြေမီးသတ်စခန်းများမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ပြီး ယာဉ်ခေါင်းခန်းအတွင်းညပ်နေသည့် ယာဉ်မောင်း(မစိုးရိမ်ရ)အား အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့သည်။
ထိခိုက်ဒဏ်ရာရခဲ့သည့် ယာဉ်မောင်းအား ဟဲဟိုးမြို့ မြတ်စေတနာလူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဉ်ဖြင့် ဟဲဟိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment