MNP ၊ အောက်တိုဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားများ၏ ပင်စင်လစာငွေများကို လစဉ်(၂၁)ရက်နေ့မှ စတင်ထုတ်ပေးနေလျက်ရှိရာ ယနေ့နံနက်(၆) နာရီမှစတင်၍ အငြိမ်းစားပင်စင်စားများအား ပင်စင်လစာထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရေတာရှည်မြို့နယ်အတွင်း ပင်စင်လစာထုတ်ယူသူ အငြိမ်းစားဝန်ထမ်း (၂၈၀၀)ဦးခန့်ရှိပြီး အဆိုပါအငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးဦးစီးဌာနမှသွေးပေါင်ချိန်ပေးခြင်း၊ ဆီးချိုတိုင်းတာပေးခြင်း၊ စသည့်ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့သည်။
မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးရာ၌ လွယ်ကူလျင်မြန်စွာ ထုတ်ယူနိုင်ရေးနှင့် လုပ်ငန်းတွင်ကျယ်မှုရှိစေရန် လစဉ်ပုံမှန် (၂၁)ရက်နေ့မှစတင်ပြီး နံနက်(၆)နာရီအချိန်မှစ၍ ထုတ်ပေးလျက်ရှိရာ ယခုလတွင်ပိတ်ရက်နှင့် တိုက်ဆိုင်သောကြောင့် (၂၃)ရက်နေ့မှသာ ထုတ်ပေးနိုင်ပြီး ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်းနှင့် ပင်စင်စားများအား တစ်ပတ်တိတိထုတ်ပေးသွားမှာဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment