MNP ၊ အောက်တိုဘာ ၂၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ ခွင့်ပြုချက်မရှိဘဲ ဈေးကွက်အတွင်း တရားမဝင်ဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို တာဝန်ရှိသူတို့ ယနေ့၊ မွန်လွဲပိုင်းက ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးကြရာတွင် ဂွမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြသီတာ ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူတို့က မြို့ပေါ်ရပ်ကွက်များအတွင်း၌ ရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်တို့တွင် Parbisure အမှတ်တံဆိပ်ပါ ဆင်တူယိုးမှား ဆေးဝါးအတုများ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ကြရာ အဆိုပါအမှတ်တံဆိပ်ပါ ဆေးဝါးနှင့်စပ်လျဉ်း၍ ဂွမြို့နယ်တွင်( FDA )၏ခွင့်ပြုချက် မပါသော ဆေးဝါးအတုများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း မတွေ့ရှိကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ရွှေရည် ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment