ဂွမြို့နယ်တွင် မြို့မစည်ပင်သာယာဈေးနှင့် စက်သုံးဆီဆိုင်များ၌ မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့နယ်တွင် မြို့မစည်ပင်သာယာဈေးနှင့် စက်သုံးဆီဆိုင်များ၌ မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းများဆောင်ရွက်






MNP ၊ အောက်တိုဘာ ၂၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ၊ ဂွမြို့ မြို့မစည်ပင်သာယာစျေးနှင့် စက်သုံးဆီဆိုင်များ၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ 


အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးမျိုးမင်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တို့မှ တာဝန်ရှိသူများက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နှင့်ပတ်သက်၍ စျေးသူ၊ဈေးသားများအနေဖြင့် မီးလောင်မှု၊ မီးလန့်မှုများနှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မီးသတ်ဆေးဘူးများအား အသင့်တပ်ဆင်ထားရှိကြရန်၊ သက်တမ်းလွန်မီးသတ်ဆေးဘူးများအား အသစ်လဲလှယ်ရန်၊ ဈေးပတ်ဝန်းကျင်သန့်ရှင်းစေ   ရန်၊မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ် ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားကြရန်တို့ကိုအသိပညာပေးခြင်းများရှင်းလင်းပြောကြားခြင်း၊  မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးပတ်ဝန်းကျင်နှင့် ဈေးအတွင်း လျှပ်စစ်ဝါယာကြိုးများ စနစ်တကျ တပ်ဆင်ဆောင်ရွက်ထားမှု ရှိ/မရှိ၊ ရေလှောင်ကန်များထားရှိရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။


 ဆက်လက်၍ မြို့ပေါ်ရပ်ကွက်များရှိ Denko၊ Kyaw Sanနှင့် ရွှေရိုးမ စက်သုံးဆီအရာင်းဆိုင်များတွင်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဆိုပါ စက်သုံးဆီဆိုင်များတွင် ဆီဖြည့်နေစဉ် မီးလောင်မှု၊ မီး လန့်မှုများ၊ မဖြစ်ပွားစေရန် နှင့် စက်သုံးဆီသိုလှောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ် ထားသော စည်း ကမ်း ချက်များ နှင့် ကိုက်ညီမှုရှိမရှိ  ၊ စက်သုံးဆီဆိုင်များတွင် မတော်တဆ မီးလောင်မှုဖြစ်ပွားပါက  မီးငြိမ်းသတ် ဆေး ဘူးများ ထားရှိကာ အသုံးပြုတတ်စေရေး၊ သက်တမ်းလွန်မီးသတ်ဆေးဘူးများအား အသစ်လဲလှယ်ထားရှိရေး၊ စက်သုံးဆီဆိုင်များတွင် အများပြည်သူများ သိရှိစေရေး အတွက် မီးဘေး လုံခြုံ ရေး ပညာပေးဆိုင်ဘုတ်များ ထားရှိစေရေး  စသည့်တို့ကို အကြုံပြုကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)