MNP ၊ အောက်တိုဘာ ၂၅
မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက် အ.ထ.က (၉ )ကျောင်း ဒုတိယကြိမ် ယနေ့ နံနက်ပိုင်း (၃ ၃၀) ဝန်းကျင်းက မီးလောင်မှုဖြစ်ပွားရာ level 2အဆင့်သတ်မှတ်၍ မီးငြိမ်းသတ်ခဲ့ရပြီး နံနက်(၄ ၄၇)နာရီတွင် မီးထိန်းနိုင်ခဲ့ကြောင်း ဘိုဘိုဝင်း လူမှုကူညီရေးအဖွဲ့၏ ထုတ်ပြန်ရေးသားချက်အရ သိရသည်။
မီးလောင်းမှုဖြစ်စဉ်အတွင်း ဦးသာညှင်းဓမ္မရုံ (၁၂၇၅)ခုနှစ်အဆောင်နှင့် နှစ်ထပ်ဆောင် လောင်ကျွမ်းပျက်စီးသွားခဲ့ပြီး ဖြစ်စဉ် အကြောင်းအရာ မသိရှိရသေးကြောင်း ရေးသားဖော်ပြထားသည်။
မော်လမြိုင်မြို့ရှိ အ.ထ.က(၉)ကျောင်းသည် ပထမအကြိမ်က ၄.၈.၂၀၂၃ က တကြိမ်မီးလောင်မှုဖြစ်ပွားခဲ့ပြီး တိုင်းဒသေကြီးအစိုးရအဖွဲ့မှ ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်နေခြင်းဖြစ်သည်။
ယနေ့ နံနက်ပိုင်းက ဒုတိယအကြိမ် ထပ်မံ၍ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ရာ မွန်ပြည်နယ်မီးသတ်ဦးစီးဌာနရှိ ပြည်နယ်၊ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲဝင်များ၊ မီးသတ်ယာဉ်များ၊ မော်လမြိုင်မြို့နယ်ရှိ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ ပေါင်မြို့နယ်မီးသတ်စခန်းနှင့် မုတ္တမမီးသတ်စခန်းရှိ ရေသယ်ယာဉ်များ၊ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံမြို့နယ်မှ မီးသတ်စခန်းများမှ ရေသယ်ယာဉ်များ၊ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှရေသယ်ယာဉ်၊ အေးမြကြည်လင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ မှရေသယ်ယာဉ်၊ မော်လမြိုင်RESCUEအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ ရေသယ်ယာဉ်၊ စည်ပင်ရေသယ်ယာဉ်များ၊ ပုဂ္ဂလိကရေသယ်ယာဉ်များ
မော်လမြိုင်မြို့ပေါ်ရှိ လူမူကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းဝိုင်းဝန်းကူညီငြိမ်းသတ်ပေးခဲ့ကြောင်း သိရသည်။
Photo - ဘိုဘိုဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment