ဗန်းမော်မြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အာစရိယပူဇော်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အာစရိယပူဇော်ပွဲအခမ်းအနားကျင်းပ




MNP ၊ အောက်တိုဘာ  ၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း မြညီလာခန်းမတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အာစရိယ ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားကို အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း Grade 10 နှင့် 11 တို့မှ ကျောင်းသား၊ ကျောင်းသူများ၏ "မြတ်ဆရာ" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးက ဖတ်ကြားပြီး ကုသသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်း ဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာအား ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းထွန်းဦးက ဖတ်ကြားသည်။ 


ထို့နောက် ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးအား ဆုများ ချီးမြှင့်ပေးအပ်ပြီး အငြိမ်းစား ဆရာ၊ ဆရာမကြီး (၁၇၀)ဦးအား ကချင်ပြည်နယ် တိုင်းရင်းသာရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် ဇနီး သုဓမ္မသိင်္ဂီ ဒေါ်သွဲ့လေးအောင် မိသားစုက တစ်ဦးလျှင် ငွေကျပ်(၅) သောင်းစီနှင့် ပညာရေးဝန်ထမ်းမိသားစုတို့က ကန်တော့သည့် ပစ္စည်း များကို တက်ရောက်လာသည့် ဆရာဆရာမများက ထိခြင်းငါးပါးဖြင့် ကန်တော့ခဲ့ကြ ကြောင်းနှင့် "ကျေးဇူးရှင်ဆရာ" သီချင်းကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း Grade-11 မှ ကျောင်းသား၊ ကျောင်းသူများက (ကချင်၊ မြန်မာ)နှစ်ဘာသာဖြင့် သီဆို ဖျော်ဖြေ၍ အခမ်းအနားကို  ပိတ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)