စားသုံးသူကာကွယ်ရေး၊ ယှဉ်ပြိုင်မှုနှင့် မူပိုင်ခွင့်ဥပဒေဆိုင်ရာ အသိပညာ‌ပေးအစီအစဉ်သို့ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စားသုံးသူကာကွယ်ရေး၊ ယှဉ်ပြိုင်မှုနှင့် မူပိုင်ခွင့်ဥပဒေဆိုင်ရာ အသိပညာ‌ပေးအစီအစဉ်သို့ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြား






MNP ၊ အောက်တိုဘာ ၈

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယမန်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် UMFCCI ရုံးချုပ်၌ တွေ့ဆုံ၍ ကုန်ဈေးနှုန်းတည်ငြိမ်စေရေး ပြည်တွင်းထွက်ကုန်များ ပြည်တွင်းဈေးကွက်ကို ထိခိုက်မှုမရှိစေဘဲ ပြည်ပသို့ ပုံမှန်တိုးမြှင့်တင်ပို့နိုင်ရေး၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုနှင့် ပူး‌ပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စများကို ဆွေးနွေးညှိနှိုင်းသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရုံး၌ ကျင်းပသည့် စားသုံးသူကာကွယ်ရေး၊ ယှဉ်ပြိုင်မှုနှင့် မူပိုင်ခွင့်ဥပဒေဆိုင်ရာ အသိပညာပေးအစီအစဉ်သို့ တက်ရောက်ပြီး စားသုံးသူကာကွယ်ရေး၊ ယှဉ်ပြိုင်မှုနှင့် မူပိုင်ခွင့်ဥပဒေစသည့် ဥပဒေ (၃) ရပ်သည် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်သည့်နေရာ၌ အဓိကထောက်တိုင်ကြီး သုံးခုဖြစ်ကြောင်း၊ ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဥပဒေများအလိုက် ကော်မရှင်များနှင့် ဗဟိုကော်မတီများကိုလည်း ဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်ကြောင်း၊ အဆိုပါဥပဒေ(၃)ရပ်ကို လိုက်နာဆောင်ရွက်ကြရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများ၊ လိုက်နာဆောင် ရွက်ရမည့်ကိစ္စရပ်များ၊ ရှောင်ကြဉ်ရမည့်ကိစ္စရပ်များကို သိရှိနားလည်နိုင်မည်ဖြစ်ပြီး ဥပဒေရရှိခံစားနိုင်သော အကျိုးရလဒ်များကို ရရှိခံစားနိုင်စေမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားပြီး သက်ဆိုင်ရာဥပဒေများအလိုက် ကျွမ်းကျင် ပညာရှင်များနှင့် တာဝန်ခံအရာထမ်းများက ဆွေးနွေးဟောပြောကြသည်။


ထို့နောက် အသိပညာပေးအစီအစဉ်သို့ တက်ရောက်လာသည့် အစိုးရဌာနအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းခြင်း၊ အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)