MNP ၊ အောက်တိုဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ၊ သက်ငယ်မုဒိမ်းဖြစ်ပွားမှုနှင့် ဆောင်ရန်ရှောင်ရန်များ ၊လူကုန်ကူးမှုဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ရာသို့ ဟင်္သာတခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဒိုင်ဒိုဒါးလ်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းယုရွှေ၊ စေတနာ့လူမှုဝန်ထမ်းအရာရှိ ဦးကိုကိုကြီးတို့ ဦးဆောင်၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဉပဒေ၊ သက်ငယ်မုဒိမ်း ဖြစ်ပွားမှုနှင့် ဆောင်ရန်ရှောင်ရန်များ၊ ကျားမအခြေပြု အကြမ်းဖက်ခြင်းအကြောင်းအရာများကို မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကလေးများ ကိုယ်တိုင်သိရှိနိုင်ရေးအတွက် ဟင်္သာတမြို့နယ်အတွင်းရှိ အ.ထ.က ကျောင်းနှင့် ကျောင်းခွဲများဖြစ်သော ပိတောက်ကုန်းကျေးရွာ၊ အလယ်စုကျေးရွာများတွင် လည်းကောင်း၊ မန်းကုန်းကျေးရွာနှင့် မွှေးလုံးကျေးရွာများတွင် လည်းကောင်း၊ ကင်ပွန်းချောင်းကျေးရွာနှင့် ရွာဦးကျေးရွာများတွင်လည်းကောင်း၊ အုတ်ပုံကျေးရွာနှင့် ကြက်ပြေးကျေးရွာများတွင်လည်းကောင်း ကွင်းဆင်း၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခဲ့ပြီး ကျန်ရှိနေသော အ.ထ.က၊ အ.ထ.က(ခွဲ)၊ အ.လ.က ကျောင်းများသို့ ဆက်လက် ကွင်းဆင်းဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment