ရန်ကုန်စတော့အိတ်ချိန်း၏စာရင်းဝင်အကြိုဈေးကွက်တွင် အစုရှယ်ယာရှင် ၁၀၀ နှင့်အထက် အများပိုင်ကုမ္ပဏီများ လွယ်ကူစွာဝင်ရောက်မှတ်ပုံတင်နိုင်ရေးအတွက် စာရင်းဝင်အကြို ဈေးကွက် ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်စတော့အိတ်ချိန်း၏စာရင်းဝင်အကြိုဈေးကွက်တွင် အစုရှယ်ယာရှင် ၁၀၀ နှင့်အထက် အများပိုင်ကုမ္ပဏီများ လွယ်ကူစွာဝင်ရောက်မှတ်ပုံတင်နိုင်ရေးအတွက် စာရင်းဝင်အကြို ဈေးကွက် ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ




MNP ၊ အောက်တိုဘာ ၇

ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်အကြိုဈေးကွက်တွင် အစုရှယ်ယာရှင် ၁၀၀ နှင့်အထက် အများပိုင် ကုမ္ပဏီများက လွယ်ကူစွာဝင်ရောက်မှတ်ပုံတင်နိုင်ရေးအတွက် စာရင်းဝင်အကြို ဈေးကွက် ဆိုင်ရာ စကားဝိုင်း ဆွေးနွေးပွဲ (Roundtable Discussion on Pre – Listing Board - PLB) ကို ယမန်နေ့က ရန်ကုန် စတော့အိတ်ချိန်းပင်မခန်းမ၌ ကျင်းပခဲ့သည်။

စကားဝိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ငွေချေးသက်သေခံ လက်မှတ်ကော် မရှင်ရုံး၊ ရန်ကုန်စတော့အိတ်ချိန်း၊ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံ မှုအကြံပေး ကုမ္ပဏီများ၊ မှတ်ပုံတင် အကြံပေးများနှင့် အများပိုင်ကုမ္ပဏီများမှ ဥက္ကဋ္ဌများ၊ အမှုဆောင်အရာရှိ ချုပ်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ယနေ့စကားဝိုင်း ဆွေးနွေး ပွဲတွင် စာရင်းဝင်အကြိုဈေးကွက် (Pre- listing Board-PLB) ဝင်ရောက်ရာတွင် ဆောင်ရွက်ရမည့် ကိစ္စများကို အသေးစိတ် ရှင်းလင်းဆွေးနွေးမည်ဖြစ်၍ တက်ရောက်လာသူများအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမေးမြန်းကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်စတော့အိတ်ချိန်း အမှုဆောင် အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက စာရင်းဝင် အကြိုဈေးကွက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် သုံးသပ်ဆွေးနွေးသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ ရှစ်ခု၏ ရှယ်ယာများ နေ့စဉ် ရောင်းဝယ်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ရင်းနှီးမြှုပ်နှံသူဦးရေ ၄၅၉၃၄ ဦးရှိကာ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း စာရင်းဝင်ကုမ္ပဏီ ရှစ်ခု၏ရှယ်ယာ စုစုပေါင်း ၁ ဒသမ ၉၄၅ သန်း၊ တန်ဖိုး ငွေကျပ် ၄ ဒသမ ၇၄ ဘီလီယံ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ဈေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ငွေကျပ် ၇၄၉ ဒသမ ၇၇၂ ဘီလီယံရှိကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)