ဓနုဖြူမြို့ကျက်သရေဆောင် သမိုင်းဝင်ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီး၏ (၁၅၁) ကြိမ်မြောက် ဆွမ်းတော်ကြီးကပ်လှူပွဲနှင့် ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုဖြူမြို့ကျက်သရေဆောင် သမိုင်းဝင်ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီး၏ (၁၅၁) ကြိမ်မြောက် ဆွမ်းတော်ကြီးကပ်လှူပွဲနှင့် ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပ



MNP ၊ အောက်တိုဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီး၏ (၁၅၁)ကြိမ်မြောက် ဆွမ်းတော်ကြီးကပ်လှူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်အား (သီတင်းကျွတ်လဆန်း (၁၂) ရက်နေ့မှ လပြည့်ကျော် (၁)ရက်နေ့အထိ) (၅)ရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ယနေ့သီတင်းကျွတ်လဆန်း (၁၃)ရက်နေ့တွင် ဘုရားဖူးပြည်သူများ၊ ရွှေသင်္ကန်းကပ်လှူ ပူဇော်သူများနှင့် စည်ကားလျက် ရှိသည်။

ယနေ့ သီတင်းကျွတ်လဆန်း (၁၃)ရက်နေ့တွင် အစဉ်အလာမပျက် မင်းပိုင်း၊ ဗန္ဓုလနှင့် အနောက်ပိုင်း သံဃာ့ဒါနဆွမ်းလောင်းအသင်း (၃)သင်း တို့မှ အသင်းသူ၊ အသင်းသားများက မင်္ဂလာစည်တော်၊ အတီးအမှုတ်အကအလှများ၊ ဆင်အကများဖြင့် မုန့်ပွဲလှည့်လည်ကြရာ မြို့တွင်းနှင့် ကျိုက္ကလွန်ပွန်း ဘုရားအနီး ကြည့်ရှုသူများနှင့် စည်ကားလျက်ရှိသည်။ သီတင်းကျွတ်လဆန်း(၁၄)ရက်နေ့တွင်လည်း မြို့မ၊ ဈေးပိုင်း၊ စိန်နှင့် ဦးအောင်ဇေယျဆွမ်းလောင်းအသင်းတို့မှ အသင်းသူ၊ အသင်းသားများက မင်္ဂလာစည်တော်၊ အတီးအမှုတ်အကအလှများဖြင့် လှည့်လည်သွား မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဇာတ်ပွဲများ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများနှင့် ချား၊ ရဟက်များတွင် ကလေးများပျော်ရွှင်စွာ ဆော့ကစားလျက်ရှိပြီး ဘုရားပွဲဈေးတန်းတွင် လည်း ဒေသထွက်ကုန်များ၊ အဝတ်အထည်များ၊ ဒေသထွက်မြန်မာမုန့်များနှင့် ကလေးကစားစရာပစ္စည်းဝယ်ယူသူများဖြင့် စည်ကားလျက်ရှိ ကြောင်း သိရသည်။


အောင်ပြည့်ဖြိုးဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)