MNP ၊ အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းတိုင်းရင်းသားတို့၏ စုပေါင်းမဟာဘုံကထိန်ပွဲတော် မြို့တွင်းသို့ စီတန်းလှည့်လည်ခြင်းနှင့် အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နမ့်လောက်ကျေးရွာအုပ်စုရှိ သမိုင်းဝင်ဓာတ်ဆွမ်ဒေါက် ကမ္မဌာန်းကျောင်းတိုက်၌ စီစဉ်ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ မဟာဘုံကထိန်ပွဲတော် စီစဉ်ကျင်းပရာတွင် သမိုင်းဝင်ဓာတ်ဆွမ်ဒေါက် ကမ္မဌာန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တခေမာဓမ္မ (စဝ်တုမီဆမ်ရှဲန်) အား အမှုထား၍ နမ့်လောက်ကျေးရွာ၊ ပါဆန်းကျေးရွာ၊ ဖွေးဟုန်းကျေးရွာ၊ ဝမ်လွေကျေးရွာ၊ ဝမ်ဆာကျေးရွာနှင့် ဝမ်ဆာယန်းကျေးရွာတို့မှ ကျေးရွာနေပြည်သူများနှင့် ရပ်နီးရပ်ဝေးမှ အလှူရှင်များက ဓာတ်စွမ်ဒေါက်ဘုရားရုပ်တုတော်နှင့် ပဒေသာပင်များကို မော်တော်ယာဉ်များဖြင့် ပင့်ဆောင်၍ ရိုးရာယဉ်ကျေးမှုနှင့်အညီ မြို့တွင်းသို့ စီတန်းလှည့်လည် အပူဇော်ခံခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သမိုင်းဝင်ဓာတ်ဆွမ်ဒေါက် စေတီတော်မြတ်ကြီးအား ပရိတ်ရေနှင့် ပန်းနံ့သာများ ပက်ဖြန်းဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဘဒ္ဒန္တ ခေမာဓမ္မ(စဝ်တုမီဆမ်ရှဲန်)အား အမှုထား၍ ပင့်သံဃာအရှင်သူမြတ်တို့အား ကျေးရွာနေပြည်သူများနှင့် ရပ်နီးရပ်ဝေးမှအလှူရှင်များက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေး ဝေခဲ့ကြောင်းသိရသည်။
သန်းထွန်းအေး
https://t.me/MyanmarNationalPost
No comments:
Post a Comment